အပိုင်း (45.1)

1.1K 153 1
                                    

(45.1)

ကျိုးကောအာ လေး ပြန်မလာ သေးတာကို ဆိုင်ထဲမှာ အချိန် အကြာကြီး စောင့် ပြီးတဲ့နောက် ကျောက်ချင် တစ်ယောက် အနည်းငယ် စိတ်ပူ လို့ နေခဲ့ ပါတယ်။ ကျိုးကောအာ က စျေးထဲကို သွားတာ မျိုးက ရှားတယ် မဟုတ်လား။

များပြားသော ကောတွေ ကလည်း စျေးထဲမှာ လှည့်ပတ် လျောက်ကြည့် တက်ကြတယ် ဆိုပေမယ့် လည်း ကျိုးကောအာ က လျောက်လည်ဖို့ သွားတာမျိုး မဟုတ်တဲ့ အတွက်ကြောင့် သူ အတော်လေး စိတ်ပူ နေရတာ ပဲ ဖြစ်လေတယ်။

ပြဿနာ တစ်ခုခုနဲ့ ကြုံတွေ့ နေရမှာ ကို ကြောက်တဲ့ အတွက်ကြောင့် ဧည့်သည်တွေကို အမြန် ပြန်ဖို့ လော်ဆော် လိုက်ကာ ဆိုင်တံခါးကို ပိတ်လိုက် ပြီးတော့ ကျိုးကောအာ ကို လိုက်ရှာဖို့ ပြင်လိုက် လေတယ်။ အဲ့တော့မှ စျေးလမ်း ကြားထဲ က အဝေးတစ်နေရာ မှာ ရင်းနှီး နေတဲ့ ပုံရိပ်လေး တစ်ခု လာနေတာ ကို တွေ့လိုက် ရ လေတယ်။

ကျောက်ချင် က အဲ့နားကို အမြန်လေး ပြေးသွားလိုက် လေတယ်။

'' လမ်း များ ရှာမတွေ့ လို့လား ? ဘာကြောင့်များ ဒီလောက် အထိကြာ နေရတာ လဲ? ''

ကျိုးကောအာ က ခေါင်းကို ခါပြ လေတယ်။ ကျောက်ချင် က ကောင်လေး ကို ဆိုင်စီ ပြန်ပြီး ခေါ်သွား ပေးခဲ့ကာ ဇီးချဥ်အေးလေး တစ်ခွက်ကို တိုက်လိုက် ပြီးတော့ တစ်ခဏ အနားယူခိုင်း လိုက်လေ တယ်။

'' ငါက အထည်ဆိုင် မှာ အသိအကျွမ်း တစ်ယောက် နဲ့ တွေ့ခဲ့တယ် ''

'' ဘယ်သူလဲ? ''

ကျောက်ချင် က မသိလိုက်ပဲ မေးလိုက် လေတယ်။

ကျိုးကောအာ က လုံးဝ ကို စိတ်ရှုပ်ထွေး နေခဲ့ လေတယ်။

'' ချောင်ဖန် ''

ထိုနာမည်ကို ကြားတော့ ကျောက်ချင် က မတက်နိုင်ပဲ အနည်းငယ် ထူးဆန်း နေတယ် လို့ ခံစား လိုက် ရ လေတယ်။ ဒါပေမယ့် တစ်ခဏ အတွင်းမှာ အဲ့နာမည်ကို ရင်းနှီး သွားလေတယ်။

သူတို့ကို သူက ဘယ်တော့ မှ တောင် ထပ်ပြီးတော့ မြင်ရ လိမ့်မယ် လို့ကို မထင် မိပေ။ စျေးထဲမှာ သူတို့ ရှိနေ လိမ့်မယ် လို့ တကယ်ကို မထင်ထား ခဲ့ပါပေ။

တံငါသည် (BL) Donde viven las historias. Descúbrelo ahora