အပိုင်း (5. 3)

2.4K 385 8
                                    

( 5.3)

ငါးဖမ်းပိုက်ကွန် ကို ဆွဲတင်လိုက်တဲ့ အချိန်မှာတော့ ငါးတွေ တစ်ဖျက်ဖျက် ခုန်တာကြောင့် ငါးဖမ်းပိုက်အောက်​ခြေ မှာ အပေါက်တစ်ခုဖြစ်သွားလေတယ်။

အစောက ပင်လယ်ငါးဖက်တီး နှစ်ကောင် ကလည်း ထိုအပေါက်ကနေ  ထွက်ပြေးသွား လေတယ်။

ကျောက်ချင် က မြန်မြန်ပဲ အပေါက်ကို ဆုတ်ကိုင်လိုက်ပြီးတော့ နောက်ကနေ ထပ်လိုက်ချင်နေတဲ့ ကျောက်ငါးရှည့် နှစ်ကောင် ကိုတော့ ထွက်ပြေးခွင့် မပြုခဲ့ပေ။

ပင်လယ်ငါးဖက်တီး နှစ်ကောင် လွတ် သွားတာကြောင့် သူစိတ်ဓာတ် မကျပေမယ့် ကျောက်ငါးရှည့် နှစ်ကောင် လွတ်သွားရင်တော့ သူ့မှာ သနားစရာ ဖြစ်သွားမှာ ပဲ ဖြစ်လေတယ်။

ကျောက်ချင်က ကျန်တဲ့ ငါးတွေကို ခြင်းတောင်းထဲ ထည့်ကာ ဒီနေ့ ရိတ်သိမ်း ရသမျှ ကို လှေပေါ် တင်လိုက်တယ်။ သူလာတုံး ကထက် အနည်းငယ် ပိုလေး တာကြောင့် လှေလေး က အနည်းငယ် ပိုနစ် သွားလေတယ်။

ပင်လယ်ထဲက အချိန်တွေက ပြောင်းလဲ လွယ်တဲ့ အတွက်ကြောင့် ကျောက်ချင် က သူ့ရဲ့ ငါးဖမ်းပိုက်တွေကို ပြန်သိမ်းကာ လှေလှော်ဖို့ ပြန်သွားကာ ကျောက်တန်း နားမှာ ခဏ နားနေပြီးတော့ ပင်လယ်လေးကို ခံစားကာ သူ့ရဲ့ ခွန်အားကို စတင်တွက် ချက် တော့တယ်။

ထို ကျွန်းငယ်လေး က အမြဲတမ်းပေါ်နေမှာ မဟုတ်ပေ။ ပင်လယ်ဒီရေ တက်တာနဲ့ မြှုပ်သွားမှာ ပဲ ဖြစ်တယ်။ မဟုတ်လို့ ရှိရင် ပင်လယ်ကျောက် ရေမှော် တွေက ဘယ်လိုလုပ် အများကြီး ပေါက်နိုင်မတဲ့လဲ။

တကယ်လို့ မနက်ဖြန် ရာသီဥတုက ကောင်းရင်တော့ သူ ဒီနေရာကို ပြန်လာအုံးမှာပါ။

တစ်ခဏ နေပြီးတဲ့နောက် ငါးနံ့ပါတဲ့ ပင်လယ်လေ က သူ့မျက်နှာပေါ်ကို တိုက်ခိုက်လာခဲ့တယ်။ ကျောက်ချင် က အနားယူပြီးတဲ့နောက် သူဟာ ပြန်ဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့ ပါပြီ။

ရုတ်တရက် ပဲ သူက ရေကမ်း တစ်ဝက်မြုပ်နေတဲ့ ကျောက်တုံးကြားထဲမှာ ယောက်သွား ကြီး တစ်ခု ညှပ်နေတာကို တွေ့ခဲ့လေတယ်။ ထိုဟာ က ဘဲဥ ပုံစံရှိကာ ထူထဲတဲ့ အခွံ ရှိလေတယ်။ ဒါ​ကြောင့် ဒါဟာ ပုလဲရှိတဲ့ အခွံကြီး ယောက်သွားမျိုးပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now