အပိုင်း (1.2)

4.1K 481 4
                                    

( 1.2)

ကျိုးကောအာက ဒူးထောက်ထိုင်လိုက်ကာ ကျောက်ချင်ရဲ့ မျက်နှာကို ပုတ်လိုက်လေတယ်။

မြေပေါ်က လူကတော့ လုံးဝကို မလှုပ်ရှားသေးပေ။ သူက ပိုပိုပြီးတော့ စိတ်ပူလာလေတယ်။ သူတို့ နှစ်ယောက် က အချင်းချင်း တွေ့ဖို့ မစောင့်ဆိုင်း ကြပေမယ့် လွန်ခဲ့တဲ့ လဝက် ကပဲ သူတို့ လက်ထပ်ထား ကြတယ်လေ။ ဒီလူက ဒီလိုမျိုး သေသွားလို့မှ မဖြစ်တာလေ။

တကယ်လို့ အဲ့လိုသာ ဖြစ်သွားရင် ရွာထဲက လူတွေက သူလုပ်တာ ပဲလို့ ပြောကြအုံးမှာ ဖြစ်ပြီးတော့ သူ့ရဲ့ နေ့ရက်တွေက ပိုလို့တောင် ခက်ခဲ လာမှာပဲ ဖြစ်လေတယ်။

ကျောက်ချင် ရဲ့ မျက်နှာကို အကြိမ်အနည်းငယ်လောက် ထပ်ပြီးတော့ ရိုက်တာတောင်မှ သူက နိုးမလာဆဲပါပေ။

ကျိုးကောအာ ရဲ့ မျက်လုံးတွေက နီလာကာ ဆုံးဖြတ်ချက် ချပြီးသွားတဲ့ ဟန်နဲ့ လေကို ပြင်းပြင်းရှုသွင်းကာ ကျောက်ချင်ရဲ့ နှာခေါင်းကို လက်နဲ့ဖိကာ ကိုယ်ကို ငုံ့ကိုင်းလိုက်ပြီးတော့ လေသွင်း ပေးလိုက်လေတယ်။

ဘေးပတ်ပတ်လည် က ရွာသားတွေက မျက်နှာတွေကို တစ်ဖက်ဆီ လွဲထားပေမယ့် တစ်ချို့ လူတွေကတော့ မျက်နှာကြီးရှုံ့ကာ ရွံစရာအပြုံးတွေနဲ့ ကျိုးကောအာကို လက်ညိုး ဝိုင်းထိုး နေကြလေတယ်။

ကျိုးကောအာ ဟာ ကျောက်ချင် ကို လေဆက်သွင်းနေပြီးတော့ ကျောက်ချင်ရဲ့ စိုနေတဲ့ ရင်ဘက်ကို ဖိနေခဲ့တယ်။ အကြိမ်အနည်းငယ်လောက် လုပ်ပြီးသွားတော့ သူလည်း မောလာပြီပဲ ဖြစ်တယ်။ ဒါပေမယ့် ထိုလူကတော့ မတုံ့ပြန်ပဲ ရှိနေ ဆဲပါပဲ။

ရွာသားတွေက တီးတိုးပြောလာခဲ့တယ်။

'' လူတွေကို သွားခွင့်မပေးနဲ့ ''

ဒီလို ကိစ္စမျိုး ဆိုတာက တစ်ခါတောင်မှ မဖြစ်ခဲ့ဘူး ပေ။ တံငါသည်တွေက အစားအစာ အတွက် ကောင်းကင်ကိုပဲ မှီခိုခဲ့ ရတာလေ။ ကောင်းကင်က ပြိုကျ သွားရင် သူတို့က ဘယ်လို ဆက်လုပ် ကြရတော့မှာ တဲ့လဲ ။

ကျိုးကောအာ က ပိုပြီးတော့ စိုးရိမ်စိတ်တွေ များလာခဲ့တယ်။

တံငါသည် (BL) Where stories live. Discover now