အပိုင်း (8.2)

2.1K 356 4
                                    

(8.2)

သူက ထိုတစ်ပင် ကို ခွာပြီးသွားတဲ့နောက် သူက နောက်တစ်ပင်ကို ရှာဖို့ ထွက်သွားလိုက်တယ်။ တစ်ခဏ လမ်းလျောက်ပြီးတဲ့ အချိန်မှာတော့ သူက သစ်အယ်သီးပင် ကြီးကို တွေ့လိုက်ရတယ်။ ထိုသစ်အယ်သီး ပင် က အတော့်ကို ကြီးကာ ဆယ်မီတာလောက် မြင့်ကာ အရွက်တွေ ကလည်း အှုံ့မှိုင်း နေခဲ့တယ်။

သစ်အယ်သီး မှည့်သွားတဲ့ အခါ ထိုဟာက အခွံမာလာကာ ကွဲထွက်ပြီးတော့ အပြင်ကို ထွက်ကျ လာလေတယ်။ အောက်ကိုပြုတ်ကျနေပြီးသား သစ်အယ်သီးတွေက တောရိုင်း တိရိစ္တာန်လေးတွေရဲ့ စားခြင်းကို ခံလိုက်ရပြီး တော့ ကွဲနေတဲ့ အခွံတွေသာ ကျန်နေတော့တယ်။

သူက ခေါင်းကိုမော့ကာ သစ်အယ်သီးပင်ပေါ်ကို ကြည့်လိုက်လေတယ်။ များစွာသော သစ်အယ်သီးတွေက ဟနေကာ အထဲက နီညိုရောင် သစ်အယ်စေ့တွေကို ဖော်ပြနေခဲ့တယ်။

ထိုအသီးတွေထဲက တစ်ချို့ဆိုရင် အဆံ၃ ၊ ၄ ခုလောက် ရှိနေကာ အရမ်းကို ပြည့်ကျပ်နေဟန်ပေါ်​နေလေတယ်။

သူက ခြင်းတောင်းကို ချကာ ဓားကိုတော့ ဘောင်းဘီရှည် မှာပါတဲ့ ခါးပတ်ထဲ ထည့်လိုက်လေတယ်။ သူက အဲ့တာတွေ မဖယ်ရှားပဲ သစ်ပင်ပေါ်ကို မတက်ရဲပေ။ ဘာလို့လဲ ဆိုတော့ သူ့ခြေထောက် က မရွေ့နိုင်တော့မှာ ကို ကြောက်လို့ ပဲ ဖြစ်လေတယ်။

သူက ငယ်စဥ် ကတည်းက သစ်ပင်တက်လေ့ ရှိပြီးတော့ ထိုသစ်အယ်သီးပင် က မချောမွေ့ပဲ ပင်စည်ကလည်း ကြမ်းတမ်း နေပေမယ့် အဲ့ဒါကပဲ တက်ရတာ ကို ပိုလွယ်သွားစေတယ်။

သူက ခိုင်တဲ့ သစ်ကိုင်းတစ်ချို့ပေါ်ကို ထိုင်ကာ ဓားနဲ့ လှမ်းဆွဲလို့ ရတဲ့ အကိုင်းတွေ ကပါ ခူးယူလေတယ်။

တစ်ခဏကြာတော့ ခြင်းတောင်း အသေးလေး ရဲ့ တစ်ဝက်လောက် ပြည့်နေပြီပဲ ဖြစ်လေတယ်။

သူက အရမ်းကြင်နာ တက်တဲ့ သူမဟုတ်ပါပေ။ ဒါပေမယ့် အဲ့တာကိုတွေ့တော့ သူက သစ်ပင်ပေါ် ကနေ ချော်ကျ လုနီးပါး ဖြစ်သွားလေတယ်။

အဲ့အချိန်မှာ သစ်အယ်သီးပင်ကို ဖောက်နေတဲ့ သစ်တောက်ငှက် ရဲ့ ထိုးဆိတ်နေတဲ့ နေရာကို ရုတ်တရက် ပဲ လက်ခံမိသလို ဖြစ်သွားပြီးတော့ နာကျင်မှုကြောင့် အံကြိတ်လိုက်မိလေတယ်။

တံငါသည် (BL) Where stories live. Discover now