အပိုင်း (17. 1)

2.5K 348 2
                                    

(17.  1)

နောက် တစ်ရက်မှာ တော့ တောင်ပေါ်မှာ မိုးတွေ မရွာတော့ ပါပေ။

ကျောက်ချင် နိုးလာတဲ့ အချိန် သူလှုပ် လိုက် မိတဲ့ အခါ မှာတော့ အရိုးတွေ ကျိုးကုန် သံတောင် ကြားလိုက် ရလေတယ်။ ပြီးတော့ မြေပြင် ပေါ်မှာ အိပ်ရတာ တကယ်ကို မသက်မသာ ဖြစ်လေတယ်။

သူက ကျိုးကောအာ ရဲ့ ဆံပင် လေး ကို သက်လိုက် တော့မှသာ အနည်းငယ် ပိုပြီးတော့ သက်သာ သွား သလို ခံစား လိုက် ရလေတယ်။

နှစ်ယောက် လုံး က တစ်ခုခု ကို ရိုးရှင်းစွာ အတူတူစားသောက် လိုက်ကြ လေတယ်။

ရာသီဥတု ကြည်လင်နေတာ ကို အခွင့်ကောင်း ယူပြီးတော့ အမျိုးသား တွေက အစာရှာ ဖို့ စိတ်အား ထက်သန် စွာ နဲ့ အစောကြီး ထွက်သွား ကြ​လေတယ်။

ဖြစ်နိုင်တာ ကတော့ မိုး ဆက် မရွာ တော့ လို့ ဖြစ်နိုင် ပါတယ်။ တစ်ခြား ဂူ ထဲက အမျိုးသား တွေ ကလည်း ထွက်လာ ခဲ့ ကြလေတယ်။

သူတို့ အုပ်စု နှစ်ခု လုံး က ဂူ အပြင်ဘက် က ကြီးမားတဲ့ ကျိုင်းပင် အောက်မှာ ထိပ်တိုက် တွေ့ခဲ့ မိလေတယ်။ အဲ့အဖွဲ့က်ို ဦးဆောင် လာတာ က ရွယ်ယောင် နဲ့ ကျိုးမိသား စု ဖြစ်တဲ့ အတွက်​ကြောင့် ကျောက်ချင် နဲ့ ဟော်စန်းအာ တို့က သူတို့ကို လျစ်လျူ ရှု ထားလိုက် ကြလေတယ်။

ပြီးတော့ တောင်ပေါ် က မြစ်အသေးလေး ဆီကို သွားကြ လေတယ်။

အဲ့ဘက် က ရွာသား တွေက လည်း သူတို့ကို မနှုတ်ဆက် ခဲ့တာကြောင့် ကျောက်ချင် တို့ နောက်ကို လိုက်တဲ့ ရွာသား တွေ ကလည်း စိတ်အား ထက်သန်စွာ နဲ့ ပြန်ပြီး နှုတ်ဆက် မနေပဲ ကျောက်ချင် တို့ နောက်ကိုသာ လိုက်သွား ကြပြီးတော့ သူတို့နဲ့ အဝေးကို လျောက် သွား ခဲ့ကြ လေတယ်။

ရွယ်ယောင် က မြေပြင်ပေါ် က ကျောက်တုံး ကိုခြေထောက် နဲ့ ကန်ကာ သူတို့ရဲ့ နောက်ကျောတွေ ရှိရာ ဆီကို ကန် လိုက် လေတယ်။

'' မနေ့က သူတို့တွေက အစာထွက်ရှာ ကြတယ် မလား။ သူတို့တွေက တစ်တောင် လုံး က အသီးအနှံရိုင်း တွေကို ခူး ယူ ပြီး သွားမှာတော့ ငါတို့က ဘာသွားစား ရမှာလဲ?''

တံငါသည် (BL) Where stories live. Discover now