အပိုင်း (43.1)

1.2K 183 9
                                    

(43.1)

ထို အချိန်က နွေရာသီ ဖြစ်နေပြီ မလို့ အတော်​​လေး ကို ရာသီ ဥတု က ပူပြင်း နေလေတယ်။ ပြီးတော့ ကျောက်ချင် တစ်ယောက် အပူချိန် အေးသွား စေ ဖို့ အတွက် ညလယ် လောက်ထိ စောင့် ရ မှာပဲ ဖြစ်လေတယ်။

ကျိုးကောအာက မနက်ဖြန် ရောင်းချမယ့် အကင်တုတ်ချောင်း တွေကို ပြင်ဆင် နေလေတယ်။ ကျောက်ချင် ကတော့ သူဝယ်လာ တဲ့ အထဲက နွယ်ချို ကို အချပ်ပြားလေး တစ်ချို့ လှီးကာ လိမ္မော် ခွံခြောက်နဲ့ ရောပြီးတော့ ဇီးမက်မန်းမဲ အပါအဝင် ရေနွေး ပူပူ ထဲကို ထည့်ပြီး ပွက်အောင် တည်လိုက် လေတယ်။

ကျိုးကောအာ က လည်း အကုန်လုံး ကို သန့်ရှင်းရေး လုပ်ပြီး ရော ထိုစွပ်ပြုတ် ကလည်း ကျက်သွားပြီ ပဲ ဖြစ်လေတယ်။

ကျောက်ချင်က အဲ့တာ ကို ဇလုံ တစ်ခုထဲ လောင်းထည့် လိုက်ပြီးတော့ တစ်ခဏ ကြာတော့ သူ့ရဲ့ သိုလှောင်ရေး နေရာလွတ် ထဲကို ထည့်လိုက် တယ်။

ဆောင်းရာသီ မှာ ဆိုရင် သူတို့ နှစ်ယောက် က ထို နေရာလွတ် ထဲမှာ ရေခဲတွေ အများကြီး သိုလှောင် ခဲ့တယ်။

နွေရာသီ မှာ ကျပြန်တော့ လည်း အဲ့ သိုလှောင် နေရာလွတ်ထဲ က ရေခဲတွေက  အသုံးဝင် နေပြီလေ။

သိုလှောင်နေရာ လွတ်ထဲ မှ အပူချိန်က အစတည်းက ကို  နိမ့်နေ ပြီးသား ဖြစ်ပြီးတော့ ရေခဲတွေ လည်း အဲ့ထဲမှာ အများကြီး ရှိနေ သေးတယ်လေ။

ရေခဲ တုံးတွေ အများကြီး ထည့်ပြီး ကတည်း က ထိုနေရာလွတ် က ရေခဲ့သေတ္တာ နဲ့ ပိုတောင် တူလာ လေတယ်။

တစ်နာရီ ကြာတဲ့ အခါ မှာတော့ ကျောက်ချင် က နေရာလွတ် ထဲ ကနေ အေးမြတဲ့ ဇီချဥ်စွပ်ပြုတ် ရည် ကို ထုတ်ယူ လိုက် ​လေတယ်။  ပြီးတော့ ခြံထဲက အရိပ်အာဝါသ ရတဲ့ အပင်အောက်မှာ လေညှင်းခံ ရင်းနဲ့ ထိုဇီးချဥ်ရည် ကို အငုံပေါင်း များစွာ သောက်လိုက် ကာ အအေးခံလိုက် လေတယ်။

'' ဘယ်လို နေသလဲ?  အရသာ မှ ရှိရဲ့လား ''

ပူပြင်းလှတဲ့ နွေရာသီ အတွင်းမှာ လန်းဆန်းအေးမြ တဲ့ ဇီးချဥ် ရေခဲစိမ် ကို အတော်လေး သောက်လိုက် ရတဲ့ အတွက် ကျိုးကောအာ တစ်ယောက် မှာ သဘာဝ ကျစွာနဲ့ ပဲ ဘာမှ ပြောစရာ စကား ရှိမနေ ပါပေ။

တံငါသည် (BL) Where stories live. Discover now