အပိုင်း (23.1)

1.8K 274 1
                                    

(23 .1)

ဂူ အပြင် ဘက်ကနေ တိုက်ခတ် လာတဲ့ လေအေး က အတော်လေး ကို အေးလေတယ်။

ချောင်ဖန် ရဲ့ ကိုယ်က တုန်ရီ သွားကာ သူမရဲ့ မျက်နှာ ကလည်း ရှက်သွေး ဖြာလာ ခဲ့လေတယ်။ ပြီးတော့ သူတို့ တွေရဲ့ ဂူတွေ အကွာအဝေး ကလည်း သိပ်ပြီးတော့ မဝေးပါပေ။

သူမ က အတူတူ နှစ်ယောက်သာ လမ်းလျောက်ချိန် ကြာချင် နေတဲ့ အတွက်ကြောင့် သူမ က လမ်းကို ဖြေးဖြေးချင်း သာ လျောက်လေတယ်။

ချောင်ဖန် က သူ့နားကို ကပ်ဖို့ တဖြေးဖြေးနဲ့ တိုးကပ် လာတဲ့ အခါမှာတော့ ကျောက်ချင် က သူမ သွားမယ့် လမ်းကို သူ့ရဲ့ သန်မာ တဲ့ ကိုယ်နဲ့ ပိတ်ရပ် လိုက်ကာ ဘေးနား က ပင်စည် ကို လက်တစ်ဖက်နဲ့ ထောက်လိုက်တယ်။

ကျောက်ချင် ရဲ့ ရုတ်တရက် လှုပ်ရှား မှုကြောင့် ချောင်ဖန် ရဲ့ နှလုံးသား က အခုန် မြန်သွားလေတယ်။ ပြီးတော့ ထိုနေရာမှာ မဖော် ပြနိုင် လောက်တဲ့ စိတ်ခံစားချက် တစ်ချို့ ရှိသွားလေတယ်။ ချောင်ဖန် က ရှက်ရွံ့စွာ နဲ့ ပြောလိုက်တယ်။

'' ဘာကြောင့် အကိုကျောက် က သွားခွင့် မပေးရတာလဲ?''

ကျောက်ချင် က နွေးထွေးတဲ့ အပြုံး တစ်ခုကို ပြုံးပြ လိုက်ပြီးတော့ စကားစပြောလာတယ်။

ထို အပြုံးကြောင့် ချောင်ဖန် ခမျာ မိန်းမောသွား လေတယ်။

'' အနာဂတ်မှာ ရှောက်ယု နားကို ထပ်ပြီး မကပ်နဲ့တော့! ''

သူ့ရဲ့ အသံက ရောထွေးနေကာ အကြောင်းပြ ချက်နဲ့ မညီတဲ့ အတွက် ချောင်ဖန် က သူမရဲ့ ခေါင်းကို မော့ ပြီးတော့ ရုတ်တရက်  ကြည့်လိုက် လေတယ်။

'' ဘာလို့လဲ ၊ ညီမ ၊ ညီမ က သူနဲ့ စကား အနည်းငယ် ပဲ ပြောခဲ့တာ ပါ။ အားလုံး က တစ်ရွာတည်း သားတွေ ပဲကို......''

'' ပါးစပ် ပိတ်ထား စမ်း။ ဒီလိုမျိုး စောက်ရေး မပါတဲ့ အရာနဲ့ သိမ်းကြုံးပြီး ဆွဲပြော မနေနဲ့။ ဒီနေ့ နင် က ခြေကျင်းဝတ် နာသွား တယ်ဆိုတာ က မရည်ရွယ်ပါဘူး လို့ နင်ပြောတယ်နော်။ နင့်ကို နင် ထက်မြတ်နေ လှ ပြီလို့ ထင်နေတာလား? ဒီမှာ မိန်းကလေး ၊ နင်က လူတိုင်း အရှေ့မှာတော့ နင့်မျက်နှာ နဲ့ သူတို့ကို အရူးလုပ် ချင် လုပ်လို့ ရမယ်။ ငါ့ကို တော့ နင်က မလှိမ့်တပတ် လုပ်လို့ ရမယ်များ ထင်နေသလား? ''

တံငါသည် (BL) Where stories live. Discover now