အပိုင်း (37.1)

863 147 0
                                    

(37.1)

နောက်တစ်နေ့ မှာတော့ ရွာထဲက ယောကျာ်း တွေ အကုန်လုံး တောင်ပေါ်ကို စောစော စီးစီး  တက်ကာ သူတို့ မွေးမြူထား တဲ့ ပင်လယ်စာ တွေ အကုန်လုံး ကို တောင်အောက် ဆီ ချ လာခဲ့ လေတယ်။

သူတို့တွေ ဂူထဲမှာ နေထိုင်ခဲ့ရစဥ် တုံး ကလည်း အများကြီး စားခဲ့ ပြီးသား ဖြစ်လေတယ်။ ဒါကြောင့် အခု ကျန်ခဲ့တဲ့ အရေအတွက် က သူတို့ ရိတ်သိမ်း တုံး က ရတာ ထက်ကို အတော်လေး နည်း နေလေတယ်။

ထိုနေရာ မှာ ချိန်တွယ်စရာ ပစ္စည်းတွေ မရှိတဲ့ အတွက်ကြောင့် ရွာသူကြီး က ခြင်းတောင်း တစ်ခု ကို အသုံး ပြုပြီးတော့ ရွာထဲ က အိမ်ထောင်စု တစ်စု စီ တိုင်း ကို ပမာဏ အညီအမျှ ခွဲဝေ ပေးခဲ့ လေတယ်။

သေချာတာပေါ့။

တစ်ချို့ မိသားစု တွေက အဲ့ပမာဏ နဲ့ မလုံလောက် ဘူး ဆိုပေမယ့် မတက်နိုင်ဘူး လေ။ သူတို့မှာ ရှိတဲ့ စုစုပေါင်း ပမာဏ ကလည်း အကန့်အသတ် ရှိနေ  တာပဲလေ။

အဆုံးမှာတော့ ကျောက်ချင်ရဲ့ ခြင်းတောင်း တစ်တောင်း အပြည့် ကမာကောင် တွေ ရှိနေ သေးတယ် လေ။ ရွာသား တွေက အဲ့ကမာ ကောင်တွေ ကို လိုချင်တဲ့ သူက သိပ်မရှိ ပါပေ။

အကိုကျောက် က အဲ့တာ တွေကို ကြိုက်တယ် ဆိုတာကို ကျိုးကောအာ တွေးမိတဲ့ အခါမှာတော့ ဂဏန်းနဲ့ ပုဇွန် နှစ်ကစ်တီ လောက် သုံးကာ ကမာ ကောင်တွေ အကုန်လုံး နဲ့ လဲလှယ် လိုက်လေတယ်။

ကျောက်ချင် အိပ်ယာ ကနေ ထ လာတဲ့ အချိန်မှာတော့ ကျိုးကောအာ က ပင်လယ်စာ ခွဲတမ်း တွေ အကုန်လုံး ကို ပြန်ပြီး ယူလာ ခဲ့ ပြီး ဖြစ်လေတယ်။

သူက ဆေးသောက် ပြီးတော့ တစ်ညလုံး ကောင်လေး ကို ပွေ့ဖက်ထား ရင်း အိပ်ပျော် သွားခဲ့တာ ဖြစ်တဲ့ အတွက်ကြောင့် သူက နိုးလာတဲ့ အခါ အတော်လေး ကို နေလို့ သက်သာ နေပြီပဲ ဖြစ်လေတယ်။

မကြာခင်မှာ ပဲ အဖျားက နေ သက်သာ လာပြီးတော့ ပြန်ကျန်းမာ လာတော့ မှာပဲ ဖြစ်လေတယ်။

'' အကိုကျောက် နိုးပြီလား ''

ကျိုးကောအာ က ပစ္စည်းတွေ ကို ချလိုက် ပြီးတော့ သူ့လူ က စွမ်းအား ​ပိုပြည့်ဝ လာတာ ကိုတွေ့ လိုက် ရလေတယ်။

တံငါသည် (BL) Where stories live. Discover now