အပိုင်း (15.2)

1.6K 220 0
                                    

(15. 2)

သူက အဲ့လို ပြောလာမှာ ကို သူမ လေးက မမျှော်လင့်ထား ပါပေ။ သူမလေး က အသံ တိုးတိုးလေး နဲ့ မေးလိုက်တယ်။

'' ဘာကိစ္စမလို့ လဲ? ''

ကျောက်ချင် က ကလေးမလေး နားလေး အထိ ရောက်အောင် ငုံ့ကိုင်း လိုက် ပြီးတော့ မှ ပြောလိုက် လေတယ်။

'' အကိုကြီး အပြင် ထွက်တဲ့ အခါ သမီး က လူတစ်ယောက် ကို ကြည့်ပေး ရမယ်။ အဲ့လူက အကို ရှောက်ယု ပဲ။ တကယ်လို့ တစ်စုံ တစ်ယောက် ကသာ သူ့ကို အနိုင်ကျင့် ခဲ့ရင် အကိုကြီးကို လာပြောပေးနော် ''

''အကို ရှောက်ယု ကိုလား? ''

'' အင်း သမီး သူ့ကို သိလား? ''

ကောင်မလေး က ကျိုးကောအာ ရှိရာ ဆီကို တစ်ချက် လှည့် ကြည့်လိုက်တယ်။

'' အင်း သမီး သူ့ကို သိတယ် ''

'' ဒါဆိုရင် အကိုကြီး ကို ကူညီပေးပါ။ ကူညီ မယ် မလား? ''

ကလေး မလေး က သူမ လုပ်ရမယ့် တာဝန် ရှိလာ ပြီ ဖြစ်တာ ကြောင့် အလေးအနက် ဖြစ်နေတဲ့ အသံလေး နဲ့ ပြောလိုက်တယ်။

'' ကောင်းပြီ ''

ကျောက်ချင် က မျက်လုံး တွေကို ကွေးကာ ပြုံးလိုက် ပြီးတော့ ခေါင်းသေးသေး လေးကို ပုတ်ကာ တစ်ဖန် ထရပ်လိုက်တယ်။

'' ဒါဆိုလည်း အကိုကြီး မင်းကို အားကို ပါတယ်နော် ''

ကျိုးကောအာ က သူတို့ဘက်ကို စပ်စုလိုစွာ ကြည့်နေခဲ့ ပေမယ့် သူတို့ ဘာတွေ ပြောနေ ကြ သလဲ ဆိုတာ ကို မသိပါပေ။

သူ့ရဲ့ အတွေးထဲမှာတော့ ကလေးမလေး ကို ကျောက်ချင် ပြုံးပြ တာ က အရမ်းကို နူးညံ့ ညင်သာ တယ် ဆိုပြီးတော့ ပေါ့လေ။

အထုတ်အပိုး တွေကို ထုတ်ပိုးပြီးတာနဲ့ ဂူထဲ ကနေ ထွက်ပြီးတော့ လုပ်စရာ ရှိတာ တွေကို သွားလုပ် ကြတော့တယ်။

ကျောက်ချင်က သူခေါ် ရမယ့် လေးယောက် ထဲမှာ ကြင်နာတက်တဲ့ အပြုံးရှိတဲ့ လှည်းမောင်း သမား အဖိုးလီ ကိုပါ ခေါ်လာခဲ့တာ ပဲ ဖြစ်တယ်။

လူတိုင်း က တောင်အောက် ကို မိုးရေ တွေ ထဲကနေ ဆင်းလာပြီးတော့ ကျောက်ချင် က သူတို့အရှေ့ ကနေ ဦးဆောင် လာခဲ့တယ်။

တံငါသည် (BL) Tahanan ng mga kuwento. Tumuklas ngayon