အပိုင်း (20.2)

2K 283 2
                                    

(20.2)

'' ဘာဖြစ်တာလဲ? ''

ကျိုးကောအာ က ပြန်မဖြေ ပါပေ။

ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ကောင်လေး က သူ့ကို ကြောက်​နေတာ လို့ ကျောက်ချင် က တွေးမိပြီးတော့ သက်ပြင်းချ လိုက်လေတယ်။

'' ဒီနေ့ ဖြစ်ခဲ့တာ တွေက........  ''

ကျောက်ချင် က အဲ့တာ တွေကို ပြန်ပြီးတော့ အစ မဖော်တော့ပဲ တစ်ခဏလောက် ရပ်တန့် သွားကာ ပြောလာလေတယ်။

'' ကိုယ်တောင်း ပန်ပါတယ် ''

ကျိုးကောအာ က မျက်လုံးထဲမှာ အံ့အား သင့်မှု နဲ့ အတူ ခေါင်းကို လှည့်လာ ခဲ့လေတယ်။

ကျိုးကောအာ က အနည်းငယ် နီရဲနေကာ သူစကားပြော မယ့်ဟာကို ကြားဖြတ် ပြောလိုက်တယ် ။

'' မဟုတ်ဘူး! ''

ကောင်လေး ကို ကြည့်ရတာ အရမ်းကို စိတ်အနှောက်အယှက် ဖြစ်ကာ ပူပန် နေတဲ့ ပုံပေါ်တာ ကြောင့် ကျောက်ချင် သူ့ မျက်ခုံး တွေကို ပင့်လိုက် မိတယ်။

'' ငါက ငါးရိုးနင် သွားရုံတင်ပါပဲ ''

'' ဟမ်? ''

ကျောက်ချင် က အံသြ သွားပြီးတော့ နောက်မှ သူ စိတ်သက်သာရာ ရသွား ပြန်တယ်။

'' အရမ်းကို ဂရုစိုက် မှု ကင်းမဲ့တာ ပဲ။ ဘာများ ဖြစ်သွား သေးလဲ? ''

'' အဆင်ပြေ သွားပြီ။ အဲ့တာကို အန်ထုတ် လိုက်ပြီ ''

'' ကောင်းပြီလေ။ ဒါဆိုလည်း ပြန်သွား ကြစို့။ သွားပြီး ဆက်စား ကြမယ်လေ ''

ကျောက်ချင် က လက်ကို ဆန့်ထုတ်ကာ ကောင်လေး ရဲ့ လက်ကို ဆွဲလိုက်ပေမယ့် ကျိုး​ကောအာ က တုန့်ဆိုင်း နေခဲ့တယ်။

'' အကိုကျောက် ''

ကျောက်ချင် ရဲ့ မျက်ခုံးတွေက အသာလေး စုကြုံ့ သွားခဲ့ လေတယ်။

'' အကို က လီရှောင်းရှောင်း ကို သိပ် ကြိုက်တာပဲလား ဟင်? ''

'' ဟုတ်တယ်လေ။ သူမလေး က အရမ်း ချစ်စရာ ကောင်းတယ်လေ ''

သူထင်ရာကို ပြောတဲ့ ကျောက်ချင်က အဲ့စကား တစ်ခွန်း ဟာ ဘယ်လို အဓိပ္ပာယ် မျိုး သက်ရောက် နေသလဲ ဆိုတာကို တကယ် နားမလည် သလို တွေးလဲ မတွေး မိလိုက် ပါပေ။ သူက သူ့အတွေး အတိုင်းပဲ ရိုးရှင်းစွာသာ ပြော ချ လိုက်တာ ပဲ ဖြစ်လေတယ်။

တံငါသည် (BL) Where stories live. Discover now