အပိုင်း (29.3)

977 165 0
                                    

(29.3)

ရွာလူကြီး က သူ့ရဲ့ မျက်လုံး အိုကြီး တွေကို ကျဥ်းမြောင်း လိုက်ပြီးတော့ သားကောင်ကို သုတ်တော့မယ့် လင်းယုန် တစ်ကောင် လို လူအုပ်ကြီး ထဲကို ဝေ့ကြည့် လိုက် လေတယ်။

သူက ပါးစပ် ကို ဖွင့်ပြီးတော့ ကြက်ပိစိလေး တစ်ကောင် ကို သုတ်တော့မယ့် ဟန်ပေါ် နေလေတယ်။

ဟုတ်ပါတယ်။

နောက်ဆုံး မှာတော့ လူအများကြား က ဟော်ဆန်းအာ ကို ဖမ်းသုတ် သွားလေတယ်။

'' လျုကျွမ့် မင်း တစ်ယောက် ထဲ ငါးဖမ်းလှေ တစ်စီး သပ်သပ် ထွက်ကွာ ''

'' ဘာလို့လဲ ဗျ? ''

လျုကျွမ့်ရဲ့ မျက်နှာ ပေါ်က အပြုံးလေး ခမျာ ချက်ချင်း ပဲ ပျောက်ကွယ် သွားလေတယ်။

ရွာသူကြီး က လုံးဝ မရှက်သွားပဲ တည်ကြည် စွာ ပြောလိုက် လေတယ်။

'' ချန်းကောအာ က ငါးဖမ်းတာ ပထမဆုံး အကြိမ် သွားတာလေ။ ဆိုတော့ လှေကို ငြိမ်အောင် လှော်နိုင်တဲ့ လူ နဲ့မှသာ ချန်းကောအာ ကို ငါ စိတ်ချ ပေး နိုင်မယ်။ ''

ရွာလူကြီး လည်း ပြောပြီး သွားရော လျုကျွမ့် စကား မပြော ရသေးခင်မှာ ပဲ အသံ နှစ်ခု က ပြိုင်တူ ထွက်လာ ခဲ့လေတယ်။

'' ကျွန်တော် ဘာသာ ပဲ အဲ့နေ ရာကို သွား လိုက် ပါ့မယ် ရွာလူကြီး! ''

ရွာလူကြီး က မျက်မှောင် ကြုတ်လိုက် ပြီးတော့ အခုလေး တင် ပြောလိုက်တဲ့ ချန်းကောအာ နဲ့ ဟော်ဆန်းအာ ကို ကြည့်လိုက် လေတယ်။

ရွာသူကြီး အတော်လေး ဒေါသ ထွက်သွား လေတယ်။ ငယ်ရွယ်တဲ့ လူတွေက တကယ်ကို ပဲ ငယ်ရွယ် လွန်း နေကြတယ်။ ချန်းအောကာ က အခုချိန်ထိ အသိသညာ ကို မရှိသေးဘူး ။ အသက်ကြီးတဲ့ အထိ တစ်ကိုယ်တော် ဖြစ်နေတာ က အံ့သြ စရာတော့ မဟုတ်တော့ဘူး ။

သူသာ စကား ဆက်ပြော နေလို့ ကတော့ ပိုပြီး အဆင်မပြေ ဖြစ်လာတော့ မှာပဲ။ ဒါကြောင့် နောက်ဆုံး စကား ချ ပေးလိုက်တော့တယ်။

'' မင်းတို့ နှစ်ယောက် လုံး တစ်လှေတည်း သွားကြ တော့ကွာ! ''

ထိုစကားတွေ ပြောပြီးတဲ့ နောက် လျုကျွမ့် က ဘာလို့ သူ့ကို တစ်ယောက် ထဲ လွတ်ရတာ လဲ ဆိုတာ ကို မေးနေကာ ဟော်ဆန်းအာ နဲ့ ရှုချန်း တို့က အချင်းချင်း ကြည့်လိုက် ကြလေတယ်။

တံငါသည် (BL) Where stories live. Discover now