အပိုင်း (12. 1)

2.3K 393 10
                                    

(12. 1)

ည အချိန်မှာ ကျောက်မိသားစု ရဲ့ အိမ်လေး ထဲမှာ အဝါရောင် မီးအိမ်လေး ထွန်းညှိထား ပြီးတော့ အခန်းလေး ထဲမှာ မီးရောင်လေး ကလည်း နွေးထွေးမှု ကို ပေးစွမ်း နေခဲ့လေတယ်။

အခန်းထဲက စားပွဲပေါ်မှာတော့ ငါးနဲ့ ဟင်းသီးဟင်းရွက် စွပ်ပြုတ် တစ်ခွက်နဲ့ ဝိုင်တစ်အိုးကို တင်ထားလေတယ်။

ဝိုင်သောက် ရတာ မကြိုက်ပါဘူးလို့ ပြောထားတဲ့ ကျောက်ချင် က ညမှာတော့ ကျိုးကောအာ ပေးထားတဲ့ ဝိုင်အိုး ကို မဖောက်ပဲ မနေခဲ့ ပါပေ။

ထိုဝိုင်က ဟော်ဆန်းအာ တစ်ယောက် ယူလာတဲ့ ဝိုင်ထက် ပိုပြီးတော့ ကောင်းလေတယ်။ အရက်ပါဝင်မှု နှုန်း က အတော်လေး များပြီးတော့ ရေက နည်းမှန်း သိလေတယ်။ သေချာပေါက် ဝိုင်ရဲ့ တန်ဖိုး က စျေးကြီးမှာပဲ ဖြစ်လေတယ်။

'' မင်း တစ်ကယ်ကြီး မသောက်တော့ ဘူးလားဟင်? ''

ကျောက်ချင် က သူ့အတွက် သူ တစ်ခွက် ထည့်လိုက်တယ်။

ကျိုးကောအာ က ခေါင်းကို ခါလိုက်တယ်။

ကျောက်ချင် က တုံ့ဆိုင်း မနေပဲ  သူက စကားတစ်ခွန်း ကို ကျပန်းပြောလိုက်လေတယ်။

'' မင်းအရက်မူးရင် အရမ်းကို ချစ်ဖို့ကောင်းတဲ့ ဟာကို ''

ကျိုးကောအာ က သူ့ရဲ့ တူနဲ့ အသီးအရွက်ကို ယူနေတဲ့ အချိန်မှာ သူ့ရဲ့ နားလေး တွေက နီရဲ နေခဲ့လေတယ်။

''ငါ့အကြောင်းကို ခများ ဟာသ မလုပ်နေပါနဲ့ ''

'' ငါက အမှန်တိုင်း ပြောနေတာ လေ အာ ''

ကျောက်ချင် က ငါး တစ်ပိုင်း လောက် ယူလိုက်ပြီးတော့ ကျိုးကောအာ ရဲ့ ပန်းကန် ထဲကို ထည့်လိုက်လေတယ်။

ကျောက်ချင်ရဲ့ မျက်နှာ က ထည့်ပေးရင်းနဲ့ ကျိုးကောအာ အသီးအရွက်တွေ စားတဲ့ ဟာကို အနီးကပ် တွေ့ရတဲ့ အချိန် မှာတော့ နှုတ်ခမ်းလေးကို ငေးကြည့်နေမိတယ်။

သူတို့ ပြန် အဆင်ပြေ ပြီးတဲ့​နောက် ကျိုးကောအာ က ပိုပြီးတော့ ကြည့်လို့ကောင်း လာတယ်လို့ ခံစားရလေတယ်။

'' ခများ ဒီနေ့ ငါးတွေ အများကြီး ဖမ်းခဲ့တာ ပဲ။ ခများ ပင်လယ်ထဲကို ထပ်သွားခဲ့တာ လား? ''

တံငါသည် (BL) Where stories live. Discover now