အပိုင်း (36.1)

867 152 1
                                    

(36.1)

ကျောက်ချင် က ဂူ အသေးလေး ထဲကို ပြန်ပြီးတော့ ဖျာလေး ပေါ်မှာ လှဲလိုက်တယ်။ သူ့ရဲ့ လက်တွေကို ခုကာ ထိုအပေါ် ကို ခေါင်းတင် လိုက် ပြီးတော့ တကယ်ကြီး အိပ်တော့ မယ့် ပုံ ပေါ်နေ လေတယ်။

ကျိုးကောအာ က ဆီမီးအိမ် ကို ကောက်ကိုင် ရင်း လှုပ်ခါ လိုက် လေတယ်။

''ဒီမီးအိမ် က အချိန်အကြာ ကြီး မခံ တော့ ဘူး ''

'' အဲ့တာ က အဆင် ပြေ ပါတယ်။ အနည်းငယ် လောက် လျော့ချ တာပေါ့။ ပြီးတော့ ရွာ  ပြန်တည်ဖို့ ကို အမြန်ဆုံး ပြီးအောင် ကြိုးစား ကြ မယ်လေ။ ရွာသား တိုင်း က အလုပ် ကြိုးစား တာကြောင့် ရွာ ကို အချိန်တို အတွင်း ဆောက်လို့ ပြီးသွား မှာပါ ''

ကျိုးကောအာ က မီးအိမ် ကို မီးထွန်းညှိ ကာ အိပ်ယာ ပေါ်မှာ မလှုပ်ရှား ပဲ အိပ်နေ တဲ့ သူ့ကို ကြည့် ပြီးတော့ မေးလိုက် လေတယ်။

'' ဒီနေရာမှာ အလုပ်များ စရာလည်း မရှိပဲနဲ့ အကို က ဘာလို့ အဲ့လို ပြောလိုက် ရတာလဲ  ''

'' ဟမ်?''

ကျောက်ချင် က အိပ်ချင်မူးတူး နဲ့ မျက်လုံး ဖွင့်လာ ကာ ငေးမောနေတဲ့  ကျိုးကောအာ  ကို ကြည့် ပြီးတော့ မထိန်းနိုင် တော့ပဲ ရယ်လိုက် လေတယ်။

'' မင်းလေး က ဒီနေရာမှာ တကယ်ပဲ အလုပ်များ စေချင်နေ တာလား? ''

အကိုကျောက် က ဘာလို့ ရယ်တာမှန်း ကျိုးကောအာ တစ်ယောက် မသိပါပေ။ သူက အိပ်ယာ ဘေးကို သွားပြီးတော့ ဝင်ပြီး အတူတူ လှဲမအိပ်ပဲ ကျောက်ချင် ကိုသာ ဆက်ပြီးတော့ စိုက်ကြည့် နေခဲ့ လေတယ်။

'' မဟုတ်ပါဘူး ။ ဒါပေမယ့် ရွာလူကြီး ကို အကိုက ဘာလို့ အဲ့လို ပြောလိုက် ရတာလဲ? ''

'' လာပြီး တော့ အိပ်တော့။ မင်းလေး က ဘာလို့ ဒီလောက်ထိ တုံးအ နေ ရတာ လဲ။ ကိုယ် က ရွာလူကြီး ကို သာမန်ကာလျှံကာ နဲ့ ညာ လိုက် တာပါ။ မင်းလေး က ဒါကို တကယ်ပဲ ယုံသွားတာ လား။ ကိုယ်က တစ်ကိုယ်တည်း သမားမှ မဟုတ်တာ ညကြီးမှာ အလုပ်လုပ်ချင် ရင် ပြတင်းပေါက် ပိတ်ပြီး လုပ်လို့ ရတဲ့ သူလေ ။ ''

ကျောက်ချင် က ထ ထိုင်လိုက် ပြီးတော့ ကျိုးကောအာ ရဲ့ လက်လေး ကို ကိုင်လိုက် လေတယ်။

တံငါသည် (BL) Where stories live. Discover now