အပိုင်း (18. 1)

1.9K 306 6
                                    

(18. 1)

'' နောက်ဆုံးတော့ ငါတို့ တစ်နပ်စာ ဝအောင် စား ရတော့မယ် ကွ! ''

ထိုအချိန်မှာတော့ ရွာလူကြီး တို့ ဂူထဲက လူတွေက ရိုးရှင်းတဲ့ မီးဖိုတွေ ပေါ်က အိုးအနည်းငယ် ထဲမှာ သစ်အယ်သီးတွေ ပေါ်လိုက် မြုပ်လိုက် ဖြစ်နေတာ ကို ဝိုင်းကြည့် ရင်းနဲ့ မထိန်းနိုင်ပဲ တံတွေးတွေ မျိုချ လိုက် မိကြတော့တယ်။

ရွာလူကြီး ကလည်း  အနည်းငယ် တော့ အံ့သြ နေမိတယ်။

'' မင်း တို့ သွားတာ က အရမ်း မြန်တာပဲ။ ဒါတောင် မင်းတို့တွေက ဒီလို မျိုး သစ်အယ်သီး အများကြီး ခူးယူလာပြီးတော့ အခွံလဲ ခွာ နိုင် သေးတာလား? ''

'' ရွာလူကြီး ဒါက ကျွန်တော်တို့...... ''

အနောက် ကနေ လိုက်သွား ခဲ့တဲ့ လူငယ်လေး တစ်ယောက်က ဒါဟာ တစ်ဖက် ဂူ ကနေ သူတို့ အတင်းလုယူ လာတယ် ဆိုတာကို ပြောချင် ပေမယ့် ရွယ်ယောင် က သူ့ရဲ့ လက်ကောက် ဝတ်ကို ကိုင်ကာ တစ်ဖက် ကို သီးသန့် ဆွဲသွား လေတယ်။ ပြီးတော့ တည်သီး တစ်လုံးကို သူ့ရဲ့ အဝတ် ထောင့်နဲ့ သုတ်လိုက် ပြီးတော့ ရွာလူကြီးဆီကို ကမ်းပေးကာ ရှင်းပြ လိုက်တယ်။

'' ငါတို့ အပြင်ထွက်တော့ တစ်ဖက် ဂူက ရွာသား တွေနဲ့ တိုးမိပြီး သူတို့က ပေးလိုက်တဲ့ ဟာတွေလေ။ သူတို့က မနေ့က အသီးအရွက် ခူး ထွက်ကြတယ်လေ။ သူတို့ဂူ ထဲမှာ အစားအသောက်က ပုံအောနေတာ။ အကုန်မစား နိုင်တော့လို့တဲ့။ ဒါကြောင့်မို့ ခွဲပေးလိုက်တာပါ''

ထိုစကား ကို ကြားတော့ ရွာလူကြီး က ခေါင်းငြိမ့် လိုက်တယ် ။

'' နောက်ဆိုရင်တော့ သူတို့ရဲ့ ပေးတာ တွေကို မယူနဲ့တော့။ မင်းတို့လည်း ကိုယ့်ဘာသာ ကို ရှာဖွေ ပြီးမှ စားသင့်တယ် ''

'' ဟုတ်ကဲ့ပါ ''

ရွယ်ယောင် က ခေါင်းကို ငုံ့ကာ ကတိပေး လိုက်တယ်။ ခိုးယူခဲ့တဲ့ သူတွေ ကလည်း တစ်ယောက် နဲ့ တစ်ယောက် မလုံစွာ ကြည့်နေကြ လေတယ်။

ကျိုးဝေ့ရှီး က ထ ရပ်လိုက် ကာ ပြောလိုက်တယ်။

'' ရွာသူကြီး ရှင့်။ ကျွန်မ တို့နဲ့ အတူ လာစားလေ။ တကယ်လို့ စားပြီးရင် ညနေခင်း အတွက် စောစောလေး အစာရှာ ထွက်လို့ ရတာပေါ့လေ။ ''

တံငါသည် (BL) Where stories live. Discover now