အပိုင်း (7.1)

2.9K 422 1
                                    


(7.1)

ဟော်ဆန်းအာ က တကယ်ပဲ ဝိုင် တစ်အိုး ယူလာခဲ့တယ် ။

လူသုံးယောက် က စားပွဲဝိုင်း အသေးလေး မှာ ထိုင်နေ လေတယ်။ သူတို့မိသားစုထဲမှာ လူကြီးသူမ မရှိပါပေ။

ပြီးတော့ သူတို့တွေ အတွက်လဲ အထူးတလည် ဧည့်ခံ စရာ မလိုပါပေ။

သူတို့က ထိုင်ကာ ဝိုင်သောက်စား ကြပြီးတော့ စကားတွေ ပြောနေကြလေတယ်။

'' ပြောစရာကို မလိုဘူး ကျောက်ချင်ရာ မင်းရဲ့ လက်ရာ က တကယ်ကောင်းတာကွ ''

ဟော်ဆန်းအာ က သူ့ရဲ့ တူတွေကို ထပ်ပြီးတော့ ဆန့်ထုတ်ကာ ပြောလိုက်တယ်။

ကျောက်ချင် က ဝိုင်ကို တစ်ငုံလောက် သောက်လိုက် လေတယ်။ ဝိုင် က အရမ်းကြီးတော့ မပျင်းပါပေ။ ကျိုးကောအာ က အသောက်သမား မဟုတ်တဲ့ အတွက်ကြောင့် သူက စားသာ စားလေတယ်။

'' အဲ့တာ က အဆင်ပြေ ရင်ရပြီကွာ ''

ကျိုးကောအာ က သူ့ခေါင်းကို ငါးဟင်းထဲ နှစ်မြုပ် ကာ စားနေစဥ် နှစ်ယောက် သားက ဝိုင်ခွက်ကို ကိုင်ရင်း သောက်နေကြလေတယ်။

ကျောက်ချင်က နောက်ခွက်တစ်ခု ကို ယူလိုက်ကာ ကျိုးကောအာ ရှေ့ကို ချပေးလိုက်တယ်။

'' မင်း တစ်ခွက်လောက် သောက်ချင်လား? ''

ကျိုးကောအာ က သူ့ကို ဗလာ ဖြစ်စွာနဲ့ မော့ကြည့် လာခဲ့တယ်။

'' ငါ မလိုတော့ပါဘူး ''

''အဆင်ပြေ ပါတယ်။ မင်း နည်းနည်း လောက် သောက်လဲ ကိစ္စမရှိပါဘူး ''

ကျောက်ချင် က ကျိုးကောအာ ကို တစ်ခွက် ထည့်ပေးလိုက်တယ်။

ဟော်ဆန်းအာ ရဲ့ မျက်နှာမှာ အနီရောင် တစ်လွှာ ဖုံးနေပြီ ဖြစ်ပြီးတော့ သူက ရယ်မောလေတယ် ။

'' နောက်နှစ်နွေဦး ရောက်ရင် အောင်သွယ်ကို ငါ့အတွက်လည်း လက်ထပ်ပွဲ ရှာပေးဖို့ ပြောရမယ် ''

ကျိုးကောအာ က ဂရုတစိုက် တွေးလိုက်ပြီးတော့ ဟော်ဆန်းအာ ဘာကို ပြောချင်တာလဲ ဆိုတာ သိသွားလေတယ်။

လင်မယား နှစ်ယောက် လုံး က သူတို့နဲ့ ပတ်သက်ပြီး အစ ခံလိုက်ရတာကြောင့် သူတို့ရဲ့ စိတ်ရှုပ်ထွေးမှုကို ဖုံးကွယ်ဖို့ ရာ အတွက် ဝိုင် တစ်ငုံဆီ သောက်လိုက် ကြလေတယ်။

တံငါသည် (BL) Where stories live. Discover now