အပိုင်း (20.1)

1.9K 294 1
                                    

(20.1)

ငါးတွေ အများကြီး မိတဲ့ အပြင် အဲ့နေရာမှာ တောရိုင်း ဆိတ် တစ်ကောင် ပါ ဖမ်းမိ ခဲ့သေးတယ်။ ဒီနေ့ည မှာတော့ လူတိုင်း က စားသောက် ပွဲ ကြီးကျင်းပ ဖို့ လုပ်နေတော့တယ်။

ဟော်ဆန်းအာ က ဆိတ်ကို ခွဲခြမ်း လိုက်ပြီးတော့ အစအန အပိုင်းအစ တွေကို ဒီနေ့ ညမှာ အတူတူ စားကြ မှာပဲ ဖြစ်လေတယ်။ ကျန်တဲ့ အသားလေး တွေကိုတော့ အပိုင်းအသေးလေး တွေ အဖြစ်ပိုင်းကာ အခြောက်လှမ်း ဖို့  ထန်းလျော်ကို ကြိုးအဖြစ် လုပ်ပြီး တွဲချည် ထားလိုက် ကြလေတယ်။

''ကျောက်ချင် မင်းတူးခဲ့တဲ့ ထောင်ချောက် က တကယ်ကို ကောင်းကျိုး နှစ် ဆတောင် ရတာ ပဲကွာ။ တကယ်လို့ ငါတို့သာ တောကောင် တစ်ချို့ကို ထပ်ပြီးတော့ ဖမ်းမိ နိုင်မယ် ဆိုရင် ဆောင်းရာသီ အတွက် စားစရာ မပူရတော့ ဘူးကွ ''

ဟော်ဆန်းအာ က အဲ့လို ပြောတော့ လူတိုင်း က သဘောတူ ကြလေတယ်။ အရင်တုံး က ပျင်းရိ ပျော့ညံ့တဲ့ ကျောက်ချင် ရဲ့ ပုံရိပ် က လူတိုင်း ရဲ့ စိတ်ထဲမှာ ပျောင်ကွယ် လာဟန် ပါပဲ။

ကျောက်ချင် က မီးပုံနား မှာ ထိုင်နေပြီးတော့ ငါးကင် နေခဲ့ လေတယ်။

ငါးဖမ်းကွန် နဲ့ အတူ ဖမ်းလို့ ရလာတဲ့ နှစ်လက်မ ထက် ပိုရှည်တဲ့ ငါးတွေကို အသီးအရွက် ရိုင်းတွေနဲ့ ရောကာ စွပ်ပြုတ် ချက်ထား လေတယ်။ အစားအစာ ပိုပြီးတော့ ပေါများစေ ဖို့ရာ အတွက် သူက ငါးကြီး တစ်ချို့ကို ကင်နေတာ ပဲ ဖြစ်လေတယ်။

သူက အဲ့တာကို တစ်ဖက်ဆီ လှည့်လိုက်ကာ တောင်ပေါ်က ရတဲ့ တစ်ချို့ ဟင်းခပ်အမွှေး အကြိုင် တွေကို ဖြူးလိုက်ကာ အဆီတွေ တဖြစ်ဖြစ် ထွက်လာတဲ့ အထိ ကင်နေကာ ပြောလိုက်တယ်။

'' ကံကောင်း မလားဆိုတာ ကိုပဲ ကြည့်ကြတာ ပေါ့။ အရမ်းကြီးလဲ မျှော်လင့် မနေနဲ့အုံး ''

'' မကြောက်လန့်ပါဘူး။ လူတိုင်းက မင်းနဲ့ အတူ ရှိရင် လုံခြုံ ပြီးသားပါ ''

အဲ့နေရာက အမျိုးသမီး တစ်ယောက် က ပြောလိုက်တယ်။

ကျောက်ချင် က ပြုံးရုံသာ ပြုံးပြီးတော့ တစ်ခြား စကား မပြောခဲ့ ပါပေ။

တံငါသည် (BL) Where stories live. Discover now