အပိုင်း (31. 1)

959 154 1
                                    

(31.1)

ဆောင်းတွင်း ပိုနက်လာလေလေ လူတိုင်းရဲ့ အိပ်ယာထဲကို ကွေးဝင် ရတဲ့ အချိန် က ပိုလို့တောင် စောသထက် စောလာ လေတယ်။

ကျောက်ချင် က အိပ်ယာ ပေါ်မှာ လှဲနေ ပြီးတော့ ​တိတ်တဆိတ် ပဲ လှည့်လိုက်တယ်။ ကျောက်ချင် က သူ့ကို မှီအိပ်နေ တဲ့ ကောင်လေး ကို အသာလေး ကိုင်ထားကာ သူက တစ်ဖက် ဆီ လှည့် ပြီးတော့ ကျိုးကေအာ ကို သူ့နောက်ကျောအား မှီထား စေ လေတယ်။

အဲ့လို လုပ်လိုက်တာက အရမ်း အေးသွားပြီးတော့ ထိုအခိုက်အတန့် မှာ ဘာမှ ပြောစရာ စကား ရှိမနေ ပါပေ။

သူက မျက်မှောင် ကြုတ် လိုက် ပြီးတော့ ဘာကြောင့်လဲ ဆိုတာကို မသိပါပေ။ ကြည့်ရတာ တော့ ဒီနေ့ သူ့ကိုယ်ခန္ဓာ မှာ ပတ်သတ်ပြီး တော့ တစ်စုံတစ်ခု မှားယွင်း နေသလို ခံစား ရလေတယ်။

အရွယ်ရောက်ပြီးသား လူကြီး တွေ အတွက် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု က သာမန်မဟုတ်တာ မျိုးတော့ မဟုတ်ပေ။

အတိတ်မှာတော့ အဲ့တာ က မူမမှန်တာ မျိုး မရှိခဲ့ပဲ လေ။ အဲ့တာ က ဒီနေ့ တစ်ရက်သာလျှင်.........သူ့ကိုယ် ထဲ ကနေ လေပူတွေ ထွက်လာ ပြီးတော့ ခါတိုင်းထက် ပိုပြီး လိုချင် ဆန္ဒ က သန်မာ လာခဲ့ တယ်။ ပြီးတော့ သူပုံစံ က မထိန်းနိုင် တော့တဲ့ ပုံစံ မျိုး အထိ တုံ့ပြန် နေခဲ့တယ်လေ။

သူက စောင်ထဲ ​ကနေ ထွက်ပြီးတော့ တိတ်တိတ်​လေး ပဲ ဘေးနားမှာ သွားလှဲ နေတော့ လေအေး တစ်သုတ် ​က ဖြတ်တိုက်သွားတာ ကြောင့် အိပ်ပျော် နေတဲ့ ကျိုးကောအာ ခမျာ အိပ်ငိုက် စွာနဲ့ မသိစိတ် ကနေ ပိုပြီး နွေးတဲ့ နေရာဆီကို ရွေ့လျား လာခဲ့တယ်။

ကောင်လေး ရဲ့ ကိုယ် က သူ့ဆီကို နောက်တစ်ကြိမ် တွယ်ကက်လာ ပြန်တော့ ကျောက်ချင် ခမျာ သူ့ကိုယ် က ပိုလို့တောင် ပူလာတယ် လို့ ခံစား လိုက် ရလေတယ်။

ကျောက်ချင် က အသက်ပြင်းပြင်း ရှုသွင်း လိုက်ပြီးတော့ သူက တစ်ခြားဘက် ဆီ နည်းနည်း လောက်ရွေ့သွားချင် ပေမယ့် ကျိုးကောအာ က သူ့ရဲ့ ကိုယ်ပေါ်ကို လက်လှမ်း တင် ပြီးတော့ စိတ်ရှုပ်ထွေး နေတဲ့ အသံလေး နဲ့ ပြောလိုက်တယ်။

တံငါသည် (BL) Where stories live. Discover now