အပိုင်း (5.2 )

2.4K 407 6
                                    

(5.2)

'' ငါ ငါးသွားဖမ်း လိုက်အုံးမယ်။ အိမ်မှာ ပဲ ကောင်းကောင်း နေပြီးတော့ လျောက်ပတ်ပြေး မနေနဲ့ ။ ငါပြန်လာတဲ့ အချိန်ကျမှပဲ ငါ ဟင်းချက်မယ် ''

ကျိုးကောအာ က ခေါင်းငြိမ့် ပြလိုက်တယ်။ ကျောက်ချင်က ကောင်လေး လက်ခံတာ ကို တွေ့ပေမယ့် သူက အနည်းငယ် တော့ စိုးရိမ်မိဆဲပါပေ။

ကလေးက သူနောက်ကျော ပေးလိုက်တာနဲ့ ခပ်မြန်မြန်ပဲ ပေးခဲ့တဲ့ ကတိ တွေကို မေ့သွားတော့မှာလေ။

'' မင်း အဲ့တာကို မှတ်မိတယ်နော်''

ကျိုးကောအာ က ထပ်ပြောလိုက်တယ်။

'' ငါသိပါတယ် ''

နောက်တော့ ကျောက်ချင် က ငါးဖမ်း ပိုက်ကွန် ကို သယ်ကာ ထွက်သွား တော့တယ်။

'' သေချာ ဂရုစိုက်နော် ''

ကျောက်ချင် က အိမ်ထဲကနေ အဝေးကိုလျောက် သွားတာကို ကြည့်ကာ ကျိုးကောအာ က အော်ပြောလိုက်လေတယ်။

ကျောက်ချင် က အနောက်ကို လှည့် မကြည့်ပေမယ့် သူ့ရဲ့ လက်ကိုတော့ ဝေ့ယမ်း ပြလေတယ်။

ရာသီဥတုက အရမ်းကောင်းလေတယ်။ ထိုအချိန်တွင်းမှာပဲ ရွာသားတွေ အကုန်နီးပါး ကလည်း ငါးလာဖမ်း ကြလေတယ်။ သူတို့တွေ အကုန်လုံးက အမျိုးသားတွေချည်းပါပဲ။ တစ်ခါတစ်ရံ တော့ ငယ်ရွယ်တဲ့ ကောလေးတွေ က သူတို့ရဲ့ ခင်ပွန်းသည် တွေနဲ့ အတူလိုက် ထွက်လာတာ ကို တွေ့ရလေတယ်။

ကျောက်ချင် လည်း ငါးဖမ်း ထွက်လာတာ ကို မြင်တော့ ရွာသားတွေက အနည်းငယ် အံ့အားသင့် သွားကြ​လေတယ်။

'' အိုး ကျောက်ချင်ရေ ဒီနေ့က ဘယ်လိုနေ့ကောင်း ရက်သာမျိုး ဖြစ်လို့ မင်းကို ငါးဖမ်းထွက်ရလောက် တဲ့ အထိ လှုံ့ဆော် ခံလိုက်ရတာ လဲကွ ဟေ ''

ကျောက်ချင် က သူတို့တွေ နဲ့ စကားပြန်လည် မပြောဆိုပါပေ။

သူက မူလ ကိုယ် အရင်ကတည်း က နေထိုင်ပုံကို သိထားပြီး သားဖြစ်တာကြောင့် ရွာသား တွေမှ သူ့ကို စနောက် ကြတဲ့ အချိန်မှာတော့ သူက ဘယ်လိုမှ မခံစားရပေ။

သူက သူ့လှေ ရပ်ထားတဲ့ နေရာကို သွားကာ ရပ်တန့်ပြီး တင်စရာ ရှိတာ တင်ကာ လှော်တက်ကို သုံးပြီး ပင်လယ်ထဲ ငါးဖမ်း ထွက်သွားတော့တယ်။

တံငါသည် (BL) Where stories live. Discover now