ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲ

18.2K 618 6
                                    

Chapter 1

မိခင်နိုင်ငံသို့ ပြန်ရောက်လာကာစဖြစ်သော ရှောင်ကျားရှုက သူ့အိမ်၏ ဧည့်ခန်းထဲတွင် ထိုင်နေပြီး အိမ်အကူများက လှေကားနောက်ကွယ်တွင် ပုန်းအောင်းကာ သူ့ကို လက်ညှိုးထိုးရင်း တီးတိုးစကား ဆိုနေကြသည်။ သူတို့၏ စကားမ်ားကို မကြားရသည့်တိုင် အကြောင်းအရာကို ခန့်မှန်းနေရန် မလိုအပ်ချေ။

ဘာမ်ား ဖြစ်နိုင်ဦးမှာလဲ "ဘာလို့ ဒုတိယသခင်လေူက ပြန်ရောက်လာတာလဲ ဘာလို့ နိုင်ငံခြားမှာပဲ မေနတာလဲ မိသားစုအမွေတွေအတွက် ပထမသခင်လေးနဲ့ တိုက်ခိုက်ဖို့နဲ့ နောက်တစ်ခါ ပြဿနာ ထပ်ရှာမလို့ နေမှာပေါ့ ..." ဘာညာဘာညာ ... ဒါတွေပဲ ပြောနေကြမှာပဲလေ ...

တကယ်ကြီး ငါကေရာ ဘာလို့ ပြန်လာမိတာလဲ ...

ရှောင်ကျားရှုကလည်း သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်ရင်း အထီးကျန်နေသည့် အပြုံးတစ်ပွင့်ကို လှစ်ဟလိုက်သည်။

ခရီးထွက်နေတဲ့သူတောင် အိမ်ပြန်လာရမယ့်အချိန်ဆိုတာ ရွိတာပဲကို ဒါက သူ့အိမ်လေ ဘာလို့ ပြန်လာလို့ မရရမွာလဲ ...

အပေါ်ထပ်ရှိ သူ့မိဘများမှာတော့ အငြင်းပွားနေကြဆဲပင် ဖြစ်သည်။ ရှောင်ကျားရှုအနေဖြင့် သူ့ဖခင်ကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ကာ ယခု ပြန်တွေ့ချိန်တွင် ထိုတွေ့ခဲ့သည့်အချိန်ထက် မ်ားစြာ အိုမင်းရင့်ရော်နေပေသည်။ နားထင်စပ်ရှိ ဆံပင်တို့မှာ ဆွတ်ဆွတ်ဖြူစပြုနေကာ အသံမှာလည်း တစ်ဖြည်းဖြည်း ပိုမိုအက်ကွဲလာသော်ငြား သူ့မိခင်မှာမူ ယခင်အတိုင်းပင် နူးညံ့သည့် စိတ်နေစိတ်ထား၊ ချောမွေ့သော အသားအရေနှင့် သိမ်မွေ့သော ရုပ်ရည်သွင်ပြင်တို့ကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ သူမ၏ မျက်နှာတွင် ကုန်လွန်သွားသော အချိန်တို့၏ အမှတ်အသား တစ်စုံတစ်ရာကိုမှ မတွေ့ရချေ။ ယခုမူ သူမက ခင်ပွန်းဖြစ်သူကို ဒေါသတကြီး မေးမြန်းနေပေ၏။

"ရှင်က ဘာလို့ ရှောင်ရှုအတွက် နေရာလေးတစ်ခုတောင် စီစဉ်မပေးနိုင်ရတာလဲ ရှင့်အစ်ကိုရဲ့ ဘွဲ့မရသေးတဲ့ကလေးတွေတောင် အရေးကြီးတာဝန်တွေ ယူနေရပြီးတော့ ရှောင်ရှုကျမှ ဘာလို့ မေးဖို့တောင် စကားအစမခံရေတာ့တာလဲ သူက Wharton တက္ကသိုလ်ရဲ့ စီးပွားရေးကျောင်းကနေ မဟာဘွဲ့တောင် ရထားတာလေ ဒါတောင်မှ သာမန်တက္ကသိုလ်ကဘွဲ့တောင် မရေသးတဲ့ သူ့ဝမ်းကွဲတွေနဲ့ မယှဉ်နိုင်သေးဘူးလို့ ပြောချင်နေတာလား ..."
(Wharton တက္ကသိုလ်က ကမ်ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀ ခုထဲမွာ နံပါတ် ၃ ပါတဲ့)

ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲWhere stories live. Discover now