Chapter 24
ဟွမ်ကျိကျင်းက ခေါင်းကို အသာယမ်းကာ ဤရုပ်ရှင် ရိုက်ကူးပြီးပါလျှင် ရွှယ်ကျဲ၏ စီစဉ်ပေးမှုကို မဖြုန်းတီးမိစေရန် အလို့ငွာ ရှောင်ကျားရှု၏ သရုပ်ဆောင်မှုအပေါ် ချစ်မြတ်နိုးစိတ်များ နိုးထလာစေရန် လှုံ့ဆော်ပေးရမည် ဆုံးဖြတ်ချက်ချလိုက်သည်။
ယနေ့ရိုက်ကွင်းမှာ ချောချောမွေ့မွေ့ဖြင့်ပင် ပြီးစီးသွားတော့သည်။ ရှေ့တစ်ပတ်အထိ ရှောင်ကျားရှု ရိုက်ကူးရမည့်ရက် မရှိသေးသော်ငြား ဟွမ်မိန်ရွှမ်က သူ့ကို အပျင်းထူနေခွင့် မေပးဘဲ အခြားသရုပ်ဆောင်များ မည်ကဲ့သို့ သရုပ်ဆောင်သည်ကို လေ့လာနိုင်ရန် စတူဒီယိုသို့ အစောကြီး လိုက်ပို့လိုက်တော့သည်။
"နိုးနိုးကြားကြား နေစမ်းပါ ..."
ဟွမ်မိန်ရွှမ်က စိတ်ပျက်လက်ပျက်ဖြစ်နေသည့် ရှောင်ကျားရှုကို အသာအယာခေါက်ကာ ပြောလိုက်သည်။
"ကြည့်ကြည့်လိုက် အနုပညာလောကမှာ ဘယ္လူသစ္ကမွ မင်းလို မလုပ္ဘူး ပြည်တွင်းက ရုပ်ရှင်ဧကရာဇ်နှစ်ယောက်နဲ့ အတူတူ ပွဲဦးထွက်ရတာတောင် တစ်ခြားသူတွေ မရနိုင်တဲ့ အခွင့်အရေးမျိုး ဘယ္လို ယူရမလဲဆိုတာ မသိသေးဘူးလား ယုံချင်ယုံ မယုံချင်နေ မင်းကတော့ မိုးကြိုးကို အပစ္ခံရဦးမွာ ကော်ဖီကို ပြီးအောင်သောက်ပြီး ကားထဲကထွက်တော့ ..."
ကော်ဖီကို ခပ်သွက်သွက်သောက်ရန် အတင်းအကြပ် ဖိအားပေးခံနေရသည့် ရှောင်ကျားရှုက အသနားခံလိုက်သည်။
"မိန်ရွှမ်ကျဲ ကျွန်တော်က မနက် ၄ နာရီအထိ အိပ္မေပ်ာ္လို့ ၄ နာရီနီးပါးပဲ အိပ်ခဲ့ရတယ်လေ ဘယ်လိုလုပ် အိပ်ရေးဝမှာလဲ ပြီးတော့ ရုပ်ရှင်ဧကရာဇ်တွေနဲ့ တွဲရိုက်ခွင့်ရတဲ့ လူသစ္က ကျွန်တော် တစ်ယောက်တည်းမှ မဟုတ္တာ လင်းလဲ့ယန်လည်း ပါသားပဲကို ..."
"တစ်ခြားသူတွေက မင်းနဲ့ ဘာဆိုင်လို့လဲ ဒီနေ့ ရိုက်ကူးရေးရှိမှန်း သိတာတောင် ညလုံးပေါက် ဂိမ်းဆော့ရဲသေးတယ်ပေါ့ သေချင်နေတာလား ..."
ဟွမ်မိန်ရွှမ်မှာ ပို၍ပင် ဒေါသထွက်လာတော့သည်။ ဒေါသပုန်ထတော့မည့်အချိန်တွင် ဟွမ်ကျိကျင်းက ရောက်လာကာ ရှောင်ကျားရှုကို ကားထဲမွ ဆွဲထုတ်ရင်း ပြောလိုက်သည်။