ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲ

2.5K 313 14
                                    

Chapter 36

ရှောင်ကျားရှုကလည်း ထောက်ခံမှုအပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

သူတို့ပြောနေစဉ်မှာပင် ကျိမြန်ပါ စကားဝိုင်းထဲသို့ ရောက်ချလာသည်။

ဇာတ်ဝင်ခန်းခေါင်းစဉ်မှာ "ဇာတ်သိမ်းပိုင်း" ဖြစ်သည်။ ဇာတ်လိုက် ဟဲကျင်း၊ ဇာတ်လိုက်မ အန်နာတို့၏ အကူအညီနှင့်အတူ လင်ထောင်သည် လင်အုပ်စုနှင့် အရှေ့တောင်အာရှ မူးယစ်ဆေးဝါး ကူးသန်းရောင်းချသည့် အသိုင်းအဝိုင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့ရုံသာမက ဥရောပရှိ ဘိန်းဘုရင်အကြီးစား တစ်ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။ ထို့နောက် ညီဖြစ်သူ၏ ဈာပနအတွက် ဇာတိမြေသို့ ပြန်ရန် ဟယ်လီကော်ပတာ စီစဉ်နေစဉ်မှာပင် သူ့ကို ဖမ်းဆီးမည့် သတင်းအကြောင်း ကြိုတင်ကာ ကြားသိလိုက်ရသည်။  နှစ်ဦးသား ခေါင်းမိုးထပ်တွင် တိုက်ခိုက်ကြပြီးနောက် ဟဲကျင်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရတော့သည်။ ထို့နောက်တွင်မှ ဟဲကျင်းသည် သူ့ရင်ဘတ်ပေါ်တွင် တပ်ထားသည့် နာမည်ကတ်ပြားကို တွေ့လိုက်ရသည်။ ၎င်းတွင် T;F ဟူ၍ အင်္ဂလိပ်စာလုံး နှစ်လုံး ရေးသားထားပြီး ထိုသည်မှာ သူ့ကို တိတ်တဆိတ် သက်သေများ စုဆောင်းပေးနေသူ၏ လျှို့ဝှက်ကုတ်နံပါတ်ပင်ဖြစ်သည်။

ထိုအခါမှ အမှန်တရားအားလုံး ဘူးပေါ်သည့်နှယ် ထွက်ပေါ်လာတော့သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးကို တိုက်ဖျက်ရာတွင် အကြီးမားဆုံး ထောက်ပံ့ပေးနေသူမှာ ရဲမဟုတ်၊ မူးယစ်ဆေးဝါး‌ ရောင်းချသူသာ ဖြစ်ပေသည်။

ထိုအခန်းကို ရိုက်ကူးရန်မှာ အင်မတန် ခက်ခဲလှသည်။ ပထမအချက်အနေဖြင့် တိုက်ခိုက်ရန် ခဲယဉ်းလှပြီး ပြင်းထန်လှသည့် ခံစားချက် ပဋိပက္ခဖြစ်မှုများလည်း ပါဝင်နေသေးသည့်အပြင် drama နှင့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများကိုလည်း အတူတကွ ရောနှောထားသေးသည်။ မည်သည့်အပိုင်းကိုမှ လျော့လျော့ပေါ့ပေါ့ သရုပ်‌ဆောင်၍မရ၊ သို့မှသာ တိုးတက်လာမည်ဖြစ်သည်။ ဤအခန်းကိုသာ အောင်အောင်မြင်မြင် ရိုက်ကူးနိုင်ပါလျှင် နောင်နှစ်နှစ်ဆယ်အတွင်း ဤရုပ်ရှင်ထက် သာလွန်နိုင်မည့် စုံထောက်ရုပ်ရှင်ဟူ၍ ရှိလာနိုင်မည် မဟုတ်ချေ။

ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲDonde viven las historias. Descúbrelo ahora