ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲ

2.3K 300 17
                                    

Chapter 25

လင်းလဲ့ယန်က ရိုက်ကူးနေသည့် နေရာမှ ထွက်လာသော်ငြား ကျိမြန်အနားသို့ မသြားဘဲ သူ့လက်ထောက် ချိန်ဖမ်းရှင်းနှင့်သာ စကားပြောနေလိုက်သည်။

"အရမ်းကြီး စိတ်ဖိစီးမနေနဲ့ မင်းက ကောင်းကောင်းကြီး သရုပ်ဆောင်နိုင်တယ် ဈာန်မဝင်စားသေးတာလေး တစ္ခုပဲ နွေးတာလေး သောက်ပြီး စိတ္ကို လျော့ထားလိုက် ..."

ချိန်ဖမ်းရှင်းက သူ့ကို ကော်ဖီတစ်ခွက်ပေးကာ တီးတိုး ပြောလိုက်သည်။

"ကျိမြန်က ဟိုဘက်မှာ ရှိနေတယ် သူ့ကို သွားနှုတ်ဆက်ရအောင် ..."

"ဟင့်အင်း ငါ့မွာ သူ့ကို နှုတ်ဆက်ဖို့ မျက်နှာမပြရဲဘူး ဒီဟာ ရိုက်ပြီးတဲ့အထိ စောင့်လိုက်ဦး ..."

လင်းလဲ့ယန်က ရုတ်ချည်း ငြင်းပယ်လိုက်သည်။

"ဒီလိုအချိန်မျိုးမှာဆို ပိုပြီးတောင် သူ့ကို နှုတ်ဆက်သင့်တာလေ သူ့ကို ရိုက်ကူးရေးအကြောင်း မေးလို့ရသားပဲ ဒီအကြောင်းနဲ့ ပတ်သက်ရင် မင်းကို အနည်းနဲ့အများ ဂရုစိုက်ပေးမှာပဲလေ မင်းက သူ့လက်အောက်က အနုပညာရှင် မဟုတ္လား ..."

ချိန်ဖမ်းရှင်းက ပြောလိုက်သည်။ သူက ကျိမြန်နှင့် ဆက်ဆံရေးတစ်ခု ထိန်းညှိထားနိုင်ရန် အလွန် စိတ်ဇောသန်နေသည့်အတွက် လင်းလဲ့ယန်ကို အတင်းအကြပ် တိုက်တွန်းလိုက်သည်။

လင်းလဲ့ယန်က သေဘာမတူ။ သူတို့နှစ်ဦး အငြင်းပွားနေစဉ်မှာပင် လောကျန်းဝေ့၏ စကားသံကို အသံချဲ့စက်မှတစ်ဆင့် ကြားလိုက်ရတော့သည်။

"ရယ္ဒီ ..."

သူသည် နာမည်ကြီးဒါရိုက်တာတစ်ဦး ဖြစ်သည့်အတွက် လူသစ်တစ်ဦးကို စိတ်ပြင်ဆင်နိုင်ရန် သုံးမိနစ္သာ အချိန်ပေးနိုင်ပေသည်။

လင်းလဲ့ယန်ကလည်း ချိန်ဖမ်းရှင်းကို ခ်န္ထားခဲ့ကာ ရှစ်ထင်းဟန်အနီးသို့ အမြန်ထွက်လာခဲ့လိုက်တော့သည်။ ကျိမြန်၏ အကြည့်တို့က သူ့ထံသို့ ကပ်ငြိနေသည့်တိုင် နေရာတွင်သာ ဆက်လက် ထိုင်နေလိုက်သည်။ သူ့ဘေးနားရှိ ရှောင်ကျားရှုမှာမူ နောက်ထပ် ရိုက္ခ်က္ကို မှတ်တမ်းတင်ထားရန် ဖုန်းကို အလောတကြီး ထုတ်လိုက်သည်။

ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲDonde viven las historias. Descúbrelo ahora