ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲ

2.5K 286 4
                                    

Chapter 30

လောကျန်းဝေ့အနေဖြင့် ရှောင်ကျားရှုမှာ ဤကဲ့သို့သော စိတ်ကူးစိတ်သန်းမျိုး မည်သည့်နေရာမှ ရလာခဲ့သလဲတော့ မသိ။ သို့သော် ရုံးခန်းထဲသို့ ရောက်လာပြီးနောက် သူပြသခဲ့သည့် မဝေခွဲနိုင်မှုနှင့် ကြောက်ရွံ့ခြင်းတို့မှာ အစစ်အမှန်လေလားဟု တွေးမိလောက်အောင်ပင် သဘာဝကျလွန်းလှသည်။ သို့သော် အကယ်၍သာ ထိုကြောက်ရွံ့မှုမှာ အစစ်အမှန်ဖြစ်ခဲ့ပါလျှင်လည်း ကောင်းစွာ သရုပ်ဆောင်နိုင်ဦးမည် မဟုတ်ချေ။ အကြောင်းမှာ ထိုကြောက်ရွံ့မှုမှာ ရှောင်ကျားရှု၏ ကြောက်ရွံ့မှု မဟုတ်၊ လင်ဖုန်း၏ ကြောက်ရွံ့မှုသာ ဖြစ်သင့်၍ဖြစ်သည်။ ထိုအချိန်မှာပင် ရှောင်ကျားရှုက ရုတ်ချည်း သဘောပေါက်သွားကာ သတိလက်လွတ်ဖြစ်နေရာမှ သူ့ကိုယ်သူ ရုတ်ချည်း သတိကပ်နိုင်လိုက်သည်။ ထိုပြောင်းလဲမှုမှာ အလွန်မြန်ဆန်ချောမွေ့သည့်အတွက် အလိုရှိသည့် သရုပ်ဆောင်ချက်ကို ကြက္တိ ရရှိနိုင်လိုက်တော့သည်။

(ဒီအပိုဒ္ကို နားလည်ကြလား မသိဘူး သူပြောချင်တာက ရှောင်ကျားရှု ကြောက်တဲ့ပုံစံက လုံးဝ အစစ်အတိုင်းပဲ ဒါပေမယ့် အဲ့ဒီလိုဆိုရင်တောင် လင်ဖုန်းအနေနဲ့ ကြောက်တာ မဟုတ္လို့ သရုပ်ဆောင်တာ အသက်မပါသေးဘူး ဒါပေမယ့် ရှောင်ကျားရှုက သူ့ကိုယ်သူ လင်ဖုန်းအဖြစ် ချက်ခြင်း ပြောင်းနိုင်လိုက်လို့ ဇာတ်ကောင်စရိုက်နဲ့ ကွက်တိကျပြီး သရုပ်ဆောင်တာ အသက်ပါသွားတာလို့ ပြောချင်တာပါ)

လောကျန်းဝေ့သည် ရုပ်ရှင်များစွာ ရိုက္ကူးဖူးကာ သရုပ်ဆောင်အမြောက်အများကို တွေ့ခဲ့ဖူးသော်ငြား ဆေးစွဲမှုကို ချုပ်တည်းသည့် သရုပ်ဆောင်မှုမျိုးမှာ အကောင်းဆုံးသုံးယောက်စာရင်းထဲပင် ဝင်နိုင်လောက်သည်အထိ ကောင်းမွန်ကာ ပြောသွားသည့် စကားများမှာလည်း အပြစ်ဆိုနိုင်ဖွယ်ရာပင် မရှိချေ။

သူက အပြစ်ရှာရန်အတွက် ဗီဒီယိုကို နောက်တစ်ကြိမ် ပြန်ရစ်ကြည့်လိုက်သော်ငြား တစ်ခုမှပင် ရှာမတွေ့။ အားလုံး ပြီးပြည့်စုံလွန်းလှသည်။

လောကျန်းဝေ့က နောက်တစ်ကြိမ် စေ့စေ့စပ်စပ် ပြန်လည်အကဲခတ်နေစဉ် ရှောင်ကျားရှုကလည်း ကျိမြန်၏ သရုပ်ဆောင်ချက်ကို ကြည့်နေလိုက်သည်။ ကျိမြန်၏ အကြည့်တို့ကြောင့် ဇာတ်ကောင်ထဲသို့ လုံးလုံးလ်ားလ်ား ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သော်ငြား မေးကို တစ္ဖက္သူ၏ ပခုံးပေါ် တင်ထားရာ နောက်ကျောတစ်ခုသာ ပေါ်နေသည့်အတွက် တစ်က်တော်ရိုက်ချက်နှင့်ပင် ပို၍ တူနေသေးသည်။ သူ့အဖို့ ကျိမြန်၏ သရုပ်ဆောင်ချက်များမှာ မ်ားစြာ မရှင်းလင်းလှသေးချေ။

ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲМесто, где живут истории. Откройте их для себя