Chapter 28
နားမလည်ကြောင်း သတိထားမိသည့်အတွက် လောကျန်းဝေ့က ထပ်ပြောလိုက်သည်။
"ဘာလို့ စားနေဦးမှာလဲ အခုပဲ ရိုက်ကူးရေးစမယ် ..."
ဒီနေ့ သခင်လေးရှောင်ကို သရုပ်ဆောင်တာက ဘယ္လိုလဲဆိုတာ နားလည်အောင် လုပ်ပေးရမယ် မဟုတ်ရင် သူက ရုပ်ရှင်ရိုက်တာကို ဟာသလို သဘောထားနေတာ နားမလည်ရင် လေ့ကျင့်ရင်း သင်ယူလိုက် ...
အဖွဲ့သားများက လိုအပ်သည့် ပစ္စည်းကိရိယာများကို အလျင်အမြန် ပြင်ဆင်လိုက်ကြပြီး သရုပ်ဆောင်ငယ်လေးများကလည်း အုပ်စုဖွဲ့စုရုံးကာ တီးတိုးပြောနေလိုက်ကြသည်။
"လာ လာ သခင်လေးရှောင် ဘယ်နှကြိမ်လောက် NG ရမလဲဆိုတာ လောင်းလိုက်ကြရအောင် ..."
"ငါက ဆယ်ကြိမ် ..."
"၁၅ ကြိမ်ကွာ ..."
"အခါ ၂၀ ..."
"ငါက တစ်နေ့လည်လုံးလို့ လောင်းမယ် ..."
နောက်ဆုံးစာကြောင်းမှာ ရှစ်ထင်းဟန်၏ စကားသံပင်ဖြစ်သည်။ ထို့နောက် သူက ဟွမ်ကျိကျင်းကို စိုက်ကြည့်လိုက်သည်။
ဟွမ်ကျိကျင်းမှာ မျှော်လင့်ချက်တို့ ကင်းမဲ့နေသည့်တိုင် အပြောကိုတော့ မလျော့သေးချေ။
"ရှောင်ကျားရှုက အရမ်းအရည်အချင်းရှိလို့ တစ်ခေါက်သင်ရုံနဲ့ ချက်ခြင်း သဘောပေါက်တယ် မင်းတို့တွေ တွေ့မှာပါ ..."
ရှစ်ထင်းဟန်က ရယ်ရုံသာ ရယ္ကာ ဘာမွ ဆက်မပြောတော့။ ကျန်သရုပ်ဆောင်များကလည်း ရှစ်ထင်းဟန်ပါ လောင်းကြေးထပ်ကြောင်း တွေ့လိုက်ရသည့်အခါ ပိုပြီး အကြောက်အရွံ့ကင်းလာပြီး ရှောင်ကျားရှု၏ NG မ်ားကို စောင့်ကြည့်ရန် ဝိုင်းအုံလာကြတော့သည်။
တကယ္ကို ကယ်တင်လို့ မရနိုင်တော့ဘူးပဲ သခင်လေးရှောင်က လူတိုင်းကို အကောင်းမြင်စိတ်နဲ့ မကြည့်ခဲ့တော့ ဒီလိုစိတ်ဓာတ်မျိုးဆိုတာ ဟိုးအစကတည်းက ပြုပြင်ပေးခဲ့ရမှာကို ...
ဖန်ခွင်းက ကျိမြန်ကို တီးတိုးပြောလိုက်သည်။
"ဒီအခန်းကို ရိုက္ဖို့ ဒါရိုက်တာလောကို တမင်တကာ သွားပြောခဲ့တာ မဟုတ္လား ..."