Chapter 34
ချိန်ဖမ်းရှင်းကလည်း သူ့ကို တူးတူးခါးခါး မုန်းတီးနေသော်ငြား ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြလိုက်သည်။ လင်းလဲ့ယန်က သူ့ဖုန်းကို လှမ်းကြည့်ကာ မေးလိုက်သည်။
"မင်းလည်း "ဒုက္ခနွံထဲ တဝဲလည်လည်" ကို ကြည့်တယ်ပေါ့ ..."
ရှောင်ကျားရှုလို ဒုတိယမျိုးဆက် လူချမ်းသာက ဒီလို ရသရုပ်ရှင်တွေကို ကြည့်တယ်ပေါ့ သူက ခံစားတတ္တာက်လို့ ...
"ဟုတ်တယ် ဒါက ကျိကော ပထမဆုံး ဆုရခဲ့တဲ့ ရုပ်ရှင်လေ ဒီရုပ်ရှင်က တကယ္ကို ကောင်းတာ ..."
ဖုန်းကို ယမ်းပြလာသည့် ရှောင်ကျားရှု၏ မျက်နှာမှာ နားထင်သွေးရောက်မှုတို့ ပြည့်နှက်နေပြီး ကျိမြန်၏ အောင်မြင်မှုမှာ သူ့ကိုယ်ပိုင် အောင်မြင်မှု ဖြစ်နေသည့်အလားပင်။ ပိုင်ရှင်အစစ်အမှန်မှာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေဆဲဖြစ်သည်ကိုတော့ မေ့လျော့သွားချေပြီ။
လင်းလဲ့ယန်က သဘောတူသည့်နှယ် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သော်လည်း သူ့နှလုံးသားမှာမူ အထင်အမြင်သေးမှုတို့ဖြင့်သာ ပြည့်နှက်နေသည်။
ကျိကောနဲ့ နီးစပ်နိုင်ဖို့ ရုပ်ရှင်ကို အကြောင်းပြတဲ့သူတွေ ထပ်ပေါ်လာပြန်ပြီ ရှောင်ကျားရှုလို နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့သူက ဒီလိုမျိုး တရုတ်ပြည်မကြီးရဲ့ ရသမြောက်ရုပ်ရှင်တွေကို ခံစားတတ္တယ္ဆိုတာ ယုံချင်စရာကို မကောင်းဘူး သူက တကယ်ရော တိုင်းပြည်အခြေအနေ ချွတ်ချုံကျနေတဲ့အချိန်မှာ နိုင်ငံကို စွန့်ခွါထွက်ပြေးလာရတဲ့ မိသားစုတွေရဲ့ အနိမ့်အမြင့် အတက်အကျတွေကို နားလည်နိုင်မှာတဲ့လား နှလုံးသားထဲအထိ ခံစားနိုင်ဖို့ မပြောနဲ့ မျက်လုံးနဲ့တောင် မြင်ယောင်ကြည့်တတ်ပါ့မလား မသိဘူး ...
ဖန်ခွင်းမှာလည်း အတွေးအတူတူပင် ဖြစ်သည်။ သူက မေးလိုက်သည်။
"ဒါဆို ဘယ်အပိုင်းက အကောင်းဆုံးလဲ ..."
ရှောင်ကျားရှုမှာ ရှင်းရှင်းလင်းလင်း မပြောတတ်သည့်အတွက် ရုပ်ရှင်ကို ပြန်ရစ်ကာ ဖန်ခွင်းကို ကိုယ်တိုင် ကြည့်စေလိုက်သည်။