ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲ

2.5K 298 1
                                    

Chapter 22

သူက စီးကရက္တစ္လိပ္ကို ထုတ္ကာ ဆက်ပြောလိုက်သည်။

"ကျွန်တော် ဆုံးဖြတ်ပြီးသွားပြီ အဲဒီ့ဇာတ်ကောင်ကို သရုပ်ဆောင်နိုင်ရင်လည်း ဆောင် သရုပ်မဆောင်နိုင်ရင်လည်း အရည်အချင်းရှိတဲ့ သရုပ်ဆောင်တစ်ယောက်ကို လွှဲပေး၊ ကုန်ကျစရိတ်တွေ လျော်ပေးပြီးတော့ စောစောစီးစီးပဲ ထွက်လာခဲ့လိုက်တော့မယ် ကိုယ် မလုပ်နိုင်တဲ့ကိစ္စဆို သေချာပေါက် ငြင်းပယ်ရမယ်လို့ ရှေးလူကြီးတွေ ပြောဖူးတယ် မဟုတ္လား ကျွန်တော်လည်း ဒီလိုလူမျိုး ဖြစ်ရတာကို လိပ်ပြာမလုံဘူး ..."

ကျိမြန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။

"ဘယ်အရူးက ပြောတာလဲ မင်းက ရိုက်ကူးရေးအဖွဲ့သားတွေအတွက် ဆုံးရှုံးသွားတဲ့ငွေတွေ လျော်ပေးနိုင်တယ်ပဲထား ကုန္သြားတဲ့ အချိန်တွေကိုရော ဘယ်လိုနည်းလမ်းနဲ့ လျော်ပေးမှာလဲ မင်းတစ်ယောက်တည်းကြောင့်နဲ့ ဇာတ်ကောင်တွေ ပြောင်း၊ ရိုက်ထားတာတွေအကုန် အစကပြန်ရိုက်၊ အချိန်ဇယားတွေလည်း အကုန်နှောင့်နှေးကုန်မှာလေ ဒါတွေက ငွေရှိရုံနဲ့ ပြင်ဆင်လို့ ရနိုင်တာမျိုး မဟုတ္ဘူး မင်းသာ ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးနေမယ့်အစား ကောင်းကောင်း ကြိုးစားဖို့ပဲတွေး ဒါကမွ အောင်မြင်ဖို့အတွက် ပထမဆုံးခြေလှမ်းပဲ လင်ဖုန်းရဲ့ ဇာတ်ကောင်ကို ငါတွေ့ပြီးပြီ သူ့ရဲ့စရိုက်က မင်းနဲ့ တော်တော်ဆင်တူတော့ သိပ်ပြီး ခက်ခဲမှာ မဟုတ္ဘူး မင်းပုံစံလေးအတိုင်း သရုပ်ဆောင်သွားဖို့ပဲ လိုတာ ..."

"တကယ္လား ..."

မျှော်မှန်းထားသည့် အတိုင်းပင်၊ နှစ်သိမ့်ခံလိုက်ရသည့်အခါ ရှောင်ကျားရှု၏ မီးခိုးရောင်မျက်ဝန်းတို့်မှာ တစ်ဖန် တောက်ပလာတော့၏။ သူ့အမေကလည်း အလားတူပင် ပြောခဲ့ဖူးသော်ငြား ဤသည်မှာ မိခင်တစ်ဦး၏ သားဖြစ်သူအပေါ် အလွန်အကျူး အကောင်းမြင်နေခြင်းသာ ဖြစ်သည်ဟု တွေးခဲ့မိပေသည်။ သို့သော် ယခု ကျိမြန်ကပါ ထိုသို့ ပြောလာသည့်အတွက် တစ်ဖြည်းဖြည်း ယုံကြည်ချက် ပြည့်ဝလာသည့်နှယ် ခံစားမိလာတော့သည်။

ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲWhere stories live. Discover now