Chapter 20
နှစ်ဦးသား စကားပြောနေစဉ်မှာပင် ဖန်ခွင်းက စီးကရက္တစ္လိပ္ကို လက်ကကိုင်ရင်း အခန်းထဲသို့ ရောက်လာသည်။
"ကျိကော ကျွန်တော့်ကို ရှာနေတယ်ဆို ..."
စီးကရက်ပြာမှုန့်များကို ဆေးလိပ်ပြာခွက်ထဲသို့ ထိုးထည့်ရင်း သူက ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည်။
"ဟေး လင်းလဲ့ယန်ရော ရှိနေတာပါ့လား ငါကြားတာတော့ မင်းလည်း "တမန်တော်" အတွက် လူရွေးပွဲ သွားပြိုင်တယ်ဆို အခြေအနေရော ဘယ္လိုရွိလဲ ..."
ဘာပဲဖြစ်ဖြစ် ဒါက မေးဖို့တောင် မလိုပါဘူး ကျိမြန်တစ်ယောက်လုံး ရှိနေမှတော့ သူသရုပ်ဆောင်တာ ဘယ်လောက်ဆိုးဆိုး ဇာတ်ကောင်တစ်နေရာစာတော့ သေချာပေါက် ရလာမွာပဲကို ...
လင်းလဲ့ယန်က စိတ်ကသိကအောက်ဖြစ်စွာဖြင့် ပြုံးပြလိုက်သည်။
"အခြေအနေကတော့ ကောင်းပါတယ် ခွင်းကော ကျွန်တော်က တတိယမြောက်ဇာတ်ကောင်ကို ရခဲ့တယ်လေ ..."
အမှန်တကယ်တွင်မူ သူသည် နံပါတ်လေးဇာတ်ကောင်နေရာကို ပိုပြီး လိုချင်ပေသည်။ ထိုဇာတ်ကောင်မှာ စောစောစီးစီး ရိုက်ကူးပြီးစီးမည် ဖြစ်သည့်တိုင် ကျိမြန်၏ ညီလေးအဖြစ် သရုပ်ဆောင်ရမည် ဖြစ်ရာ နှစ်ယောက်အတူတူ ပါနိုင်မည့် ဇာတ်ကွက်များစွာ ရှိနေပေသည်။
"ဂုဏ်ပြုပါတယ် နံပါတ်သုံးဇာတ်ကောင်ရဲ့ ကာရိုက္တာက မင်းနဲ့ တော်တော်လေး သင့်တော်တယ် ..."
ဖန်ခွင်းက မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ် ထိုင်ကာ အကြည့်တို့ကို ကစားလိုက်လျှင် စားပွဲပေါ်ရှိ A အဆင့် စာချုပ်ကို တွေ့လိုက်သည့်အတွက် သဘောပေါက်သွားလေဟန် အမူအယာတစ္ခုမွာ ဖုံးဖိ၍ မရနိုင်စွာ ထွက်ပေါ်လာတော့သည်။
ထင်သားပဲ ...
ကျိမြန်က သူတို့နှစ်ဦးကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
"အိုက်ခွင်း ရှေ့လျှောက် မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ..."
"ဘာကို ဆိုလိုတာလဲ သူ့ရဲ့အေးဂျင့် လုပ်စေချင်နေတာလား ..."
ဖန်ခွင်းက ခါးကို မတ်မတ်ထားကာ ပြောလိုက်သည်။ သူ့တွင် ရွေးချယ်ခွင့် ရှိပါလျှင် လင်းလဲ့ယန်နှင့် လုံးဝ အလုပ်တွဲလုပ်မည် မဟုတ်ချေ။ ထိုသူမွာ အခြေခံလည်း မရွိ၊ တာဝန်သိတတ်စိတ်လည်း မရွိ၊ အခြေအနေကို နားလည်နိုင်စွမ်း ကင်းမဲ့သည့်အပြင် သူ့ကိုယ်သူလည်း မ်ားစြာ သနားတတ်သေးသည်။ လူတိုင်းက သူ့ကို အထင်သေးနေသည်ဟုသာ အျမဲလိုလို အတွေးပေါက်ကာ ထိတ်လန့်ပြီး