Chapter 13
ဖန်ခွင်း၏ ရင်ထဲတွင် မကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေစဉ်မှာပင် ကျိမြန်က ကောက်ကာငင်ကာ ပြောလိုက်သည်။
"သူတို့က အရက်လည်းမသောက် ဆေးလည်း မသုံးထားဘူး ပန်းကန်းပြားပျံကို ငါလည်း တွေ့လိုက်တယ် ..."
"အာ ..."
ဖန်ခွင်းက အလန့်တကြား မေးလိုက်သည်။
"ငါ အကျယ်ကြီး ထုတ်ပြောလိုက်မိတာလား ..."
"မင်းက ဘာမွ မပြောခဲ့ဘူးလား ..."
ကျိမြန်က မ်က္လုံးကို ဖွင့်ကြည့်လိုက်သည်။ သူ့အမူအယာမှာကို မှန်းဆရန်မှာမူ ခဲယဉ်းလှပေသည်။
"ပြောခဲ့လို့လား မပြောမိပါဘူး ..."
ဖန်ခွင်းက အနည်းငယ် ဇေဝဇဝါ ဖြစ်သွားသော်ငြား သူ့ကို တင်းတင်းကြပ်ကြပ် သတိပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲဒီ့ပန်းကန်ပြားပျံအကြောင်း ထပ်မပြောနဲ့တော့ ရဲတွေက အကုန်စုံစမ်းပြီးပြီ ဘရိတ်ချော်သွားတာကလွဲပြီး ကားကို ဝင်တိုက်ထားတဲ့ ခြေရာလက်ရာ တစ္ခုမွ မရွိဘူး ပြီးတော့ ပန်းကန်ပြားပျံရဲ့ အရိပ်အယောင်ရောပဲ ရှောင်လျှို့မောင်းတာ အရှိန်များလွန်းလို့ တောင်ပေါ်ကနေ ကားဘီးချော်ပြီး ပြုတ်ကျလာတာပဲ ဖြစ်ရမယ် ..."
ပန်းကန်ပြားပျံကိုသာ အကြောင်းပြလိုက်ရင် နောက်နေ့မနက် သတင်းစာ ခေါင်းစီးပိုင်းမှာ "စိတ်ဝေဒနာ ခံစားနေရတဲ့ ရုပ်ရှင်ဧကရာဇ်" ဆိုတဲ့ ဆောင်းပါးကြီး ပါလာတော့မှာ သေချာတယ် ...
ကျိမြန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ့ကို သူနာပြုတစ်ယောက်လောက် သွားရှာပေးဦး ခေါင်းကိုက်လာပြန်ပြီ ..."
"အိုကေ ..."
ဖန်ခွင်းက ခလုတ်ကိုနှိပ်ကာ သူနာပြုတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။
သူနာပြုအချို့ ချက်ခြင်း ရောက်လာကာ တစ်ယောက်က ကျိမြန်၏ ပတ္တီးမ်ားကို စစ်ဆေးနေပြီး ကျန်တစ်ယောက်က သွေးပေါင်ချိန် တိုင်းပေးနေလိုက်သည်။ သူတို့၏ မျက်နှာမှာ ရဲရဲနီနေပြီး လှုပ်ရှားမှုတို့မှာလည်း စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေပေသည်။