Chapter 4
ထိုစကားမ်ားကို ပြောနေစဉ်က ရွှယ်မြောင်၏ မျက်နှာထက်တွင် ပျော်ရွှင်ရိပ်တို့ ဖုံးလွှမ်းနေသော်ငြား စကားဆုံးသည်နှင့်တစ်ပြိုင်နက် ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
"ဒါပေမယ့် သခင်ကြီးရှောင်က ကျွန်မကိုရော ရှောင်ရှုကိုပါ အထင်အမြင်သေးခဲ့တာလေ ရှောင်ရှုရဲ့ စကားတွေကို ကြားတာနဲ့တစ်ပြိုင်နက် သူကိုင်ထားတဲ့ တုတ်ကောက်နဲ့ ရိုက်တဲ့အပြင် ဘယ်နေရာမှာမှ အသုံးမကျဘူးဆိုပြီးပါ ဆက်တိုက် ပြောဆိုကြိမ်းမောင်းတော့တာပဲ အဲဒီ့အချိန်ကနေစပြီး ရှောင်ရှုက အေးစက်စက် ဖြစ်သွားတဲ့အပြင် တိရစၧာန်ပုံလေးတွေ၊ အဘိုးကြီး၊အဘွားကြီးပုံတွေ သရုပ်ဆောင်တာမျိုးကို ရပ်တန့်လိုက်ပြီးတော့ ... တီဗီကိုပါ မကြည့်တော့ဘူး တစ်ဖြည်းဖြည်း ကြီးပြင်းလာတဲ့အချိန်မှာ သူ့ကိုယ်သူတောင် မေ့သွားတော့တဲ့အထိပဲ ... အဲဒီ့လူတွေက ကလေးတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို ဖျက်ဆီးပစ်ခဲ့ကြတာလေ အတင်းအဓမ္မကြီး ဖျက်ဆီးပစ်ခဲ့ကြတာ အခုလည်း သူ့ရဲ့ အနာဂတ်လမ်းကြောင်းကို ဖြတ်တောက်ချင်ပြန်ပြီ ..."
သူမက ဆေးလိပ်ကို မီးငြှိမ်းရင်း ရဲရဲနီနေသော မျက်ဝန်းတို့ဖြင့် စိတ်လိုက်မာန်ပါ ပြောလိုက်သည်။
"ချန်ယု..ကျွန်မက စိတ်လိုက်မာန်ပါ ဆုံးဖြတ်နေတာလည်း မဟုတ္သလို ကျိုးကြောင်းဆီလျော်မှု မရှိတာလည်း မဟုတ္ဘူး ကျွန်မက ကိုယ့်သားအတွက် လမ်းဖောက်ပေးချင်ရုံလေးတင် သူက တောက်ပရမယ့် ကံကြမ္မာနဲ့ မွေးဖွားလာတဲ့သူ မိသားစုရဲ့ အပယ္ခံ မဟုတ္ဘူး ဟိုလူတွေက သူ့ကို ဒုက္ခိတ ဖြစ်စေချင်နေကြမှတော့ ကျွန်မတစ်ယောက်ပဲ သူ့ကို ကယ်တင်ပေးနိုင်တော့မှာ ..."
"ကလေးဘဝတုန်းက ရည်မှန်းချက်မျိုးစုံ ရွိဖူးတာ ပုံမှန်ပဲလေ ဒါပေမယ့် ဘယ်သူတွေကရော ငယ္ငယ္က အိပ္မက္ကို အကောင်အထည် ဖော်နိုင်ကြလို့လဲ မြောင်မြောင် မင်းခံစားချက်ကို နားလည်ပေးနိုင်ပေမယ့် ရှောင်ရှုကို ရွေးချယ်ခွင့် ပေးရမယ်လေ ..."
တစ်ခြားသူကသာ သူ့ကို တောင်းဆိုလာပါလျှင် ရှို့ချန်ယုသည် မုခ် သဘောတူမိမည်ဖြစ်သည်။