Chapter 2
သူ့ကို ရှောင်အုပ်စုသို့ ဝင်ရောက်ခွင့်မပြုသည်မှာ အဘိုးဖြစ်သူ၏ ဆုံးဖြတ်ချက်ဖြစ်သော်ငြား ရှောင်ကျားရှုမှာ လက်မခံလိုဟန်လည်း ပြသ၍ မရေခ်။ အကယ်၍ သူသာ မကျေနပ်သည့်အရိပ်အယောင် အနည်းငယ်ကို ပြသခဲ့မိပါလျှင် သူ့အဘိုးက ဒေါသပုန်ထကာ ဦးလေးနှင့် အဒေါ်တို့ရှေ့တွင် သူ့မိခင်ကို အမျိုးစုံ ဆူပူကြိမ်းမောင်းမည်ဖြစ်သည်။ သူက ဖျော်ဖြေရေးသမားများကို အထင်အမြင်သေးကာ လူတကာ ပြုသမျှ နုရသည့် အဆင့်အနိမ့်ဆုံး အသက်မွေးဝမ်းကြောင်းလုပ်ငန်းဟု မှတ်ထင်ထားသူဖြစ်သည်။
ရှောင်ကျားရှု၏ အတွင်းစိတ်ထဲတွင် မနာခံလိုမွုတို့ လှိုင်းတံပိုးထန်နေသော်ငြား ထိုစိတ္တို့ကို ချိုးနှိမ်ကာနာနာခံခံဖြင့် မတ်တပ်ရပ်လိုက်သည်။
"ဟုတ်ကဲ့ အခုပဲ အဆင်သင့်ပြင်ထားလိုက်ပါ့မယ် ..."
ရွှယ်မြောင်က သားဖြစ်သူ၏ ပုခုံးကို ပုတ်လိုက်သည်။ သူမ၏ အပြုံးမှာ နွေးထွေးသော်ငြား မျက်ဝန်းတို့မှာမူ စိုစွတ်နေဆဲဖြစ်သည်။
သားကို နိုင်ငံခြားကို ပို့လိုက်ရရုံတင် မကဘဲ စီးပွားရေးစီမံခန့်ခွဲမှုမေဂျာကိုပါ ပြောင်းယူခိုင်းရတာရယ် အဲဒီ့နှစ်တုန်းက ရှောင်ချီကျဲနဲ့ လက်ထပ်လိုက်တာရယ် ဒီရွေးချယ်မှုတွေက တကယ်ရော မှန်ရဲ့လား သူမလည်း မသိတော့ဘူး ဒါပေမယ့် က်ားရွုကို မွေးခဲ့မိတာက သူမဘဝအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ သူက သူမအတွက်တော့ အကောင်းဆုံး လက်ဆောင်မွန်၊ အနွေးထွေးဆုံး နှစ်သိမ့်မှုလေးပဲ ...
မိသားစုလေးယောက်စလုံး အလျင်အမြန် ပြင်ဆင်ကာ ရှောင်မိသားစု ပင်မအိမ်တော်သို့ ထွက်လာလိုက်ကြသည်။ အကြီးအကဲရှောင်က ထိပ်ဆုံးထိုင်ခုံတွင် မြေးများ ခြံရံကာ ထိုင်နေပြီး ဝမ်းသာအားရ ရယ်မောနေသော်ငြား ရှောင်ကျားရှု ဝင်လာသည်ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရုတ်ချည်း အေးစက်သွားတော့သည်။
"ဘာတွေ ဝတ္လာတာလဲ စုတ်ပြတ်ဟောင်းနွမ်းနေတာများ အဝတ်စုတ်အတိုင်းပဲ က်က္သေရမရွိလိုက္တာ ..."