ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲ

2.3K 295 6
                                    

Chapter 55

လင်းလဲ့ယန်မှာ ဘာလုပ်၍ လုပ်ရမည်မှန်း မသိတော့။ ခေါင်းကိုသာ အသည်းအသန် ခါယမ်းပြလိုက်တော့သည်။

"မရဘူး ကျွန်မ ငိုလို့မရဘူး ..."

"ဘာလို့လဲ ..."

ကျိမြန်က စိတ်ရှည်ရှည်ထားကာ မေးလိုက်သည်။

"မိတ်ကပ်လိမ်းထား‌တာတွေ ပျက်သွားလိမ့်မယ် ..."

မိတ်ကပ်ပျက်သွားရင် ယောကျာ်းလေးမှန်း လူသိသွားမှာပေါ့ ...

ဟုတ်တယ် ဒါက ခိုင်မာတဲ့ အကြောင်းပြချက်ပဲ ၁၀၁ မှတ်ပေးမယ် အပိုတစ်မှတ်ကတော့ မိန်းကလေးယောင်‌ဆောင်ရမှာ မကြိုက်တဲ့ ငါ့ကိုယ်ငါ ပြန်ဆုချတာပေါ့ ...

ကြည့်နေသူများက ဝါးလုံးကွဲ ရယ်မောလိုက်ကြကာ ကျိမြန် မည်သို့မည်ပုံ တုန့်ပြန်မည်ကို စောင့်မျှော်နေလိုက်ကြတော့သည်။

ကျိမြန်က တံခါးဝနားသို့ လျှောက်သွားကာ လက်တစ်ဖက်ကို အသာဆန့်ထုတ်လျက် ပြောလိုက်သည်။

"ဒါဆို ထွက်သွားလို့ရပြီ ဆိုလည်းမဆို၊ ကလည်းမကနိုင်တဲ့အပြင် သရုပ်‌ဆောင်နေတဲ့အချိန်မှာလည်း ပုံရိပ်ထိခိုက်မှာ ကြောက်သေးတယ် ဒီအတိုင်းသာဆို ငါတို့အနေနဲ့ မင်းကို လေ့ကျင့်မပေးနိုင်ဘူး တကယ်လို့ အနုပညာလောကထဲကို ဝင်ချင်တယ်ဆိုရင်တော့ မော်ဒယ်လုပ်ဖို့ပဲ အကြံပေးချင်တယ် ..."

လဲ့ယန်ရေ နတ်ဘုရားကျိက မင်းကို အလှပန်းအိုးလို့ ပြောလိုက်တာပဲကွ ဟားဟားဟားဟား ထင်ထားသလိုပဲ နတ်ဘုရားကျိကတော့ လူတွေကို ရိုင်းစိုင်းတဲ့စကားလုံး မသုံးဘဲနဲ့ကို အပြစ်ထောက်ပြနိုင်တာပဲ ဒီလို လှပတဲ့ မိန်းကလေးနဲ့  မျက်နှာချင်းဆိုင် ထိုင်နေရတာတောင် စီးပွားရေးအကြောင်း တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်တယ်နော် ဒါက စိတ်ဓာတ်ခိုင်မာမှုရဲ့ စွမ်းအားပဲ နတ်ဘုရားကျိကို like တွေ သောင်းနဲ့ချီပြီး ပေးလိုက်ကြရအောင် ...

အလားတူမှတ်ချက်များက တိုက်ရိုက်ထုတ်လွှင့်သည့် စာမျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ like ပေးသည့် အရေအတွက်မှာလည်း စံချိန်ကျော်လွန်သွားတော့သည်။

ကိုယ်မင်းကိုဘယ်လိုဖွင့်ပြောရမလဲWhere stories live. Discover now