Chapter 127
Sue Xing NwayApril 13, 2023
Chapter 127ပြီးခဲ့သည့် နှစ်များအတွင်း ဝမ်အန်းသည် ကျော်ကြားသည့် ရုပ်ရှင်အချို့ကို ရိုက်ကူးနိုင်ခဲ့သည့်တိုင် လက်ရှိအချိန်အထိတော့ ထိုကျော်ကြားမှုကို ထိန်းမထားနိုင်ချေ။ ကြည့်ရှုသူတို့၏ အကြိုက်မှာလည်း အချိန်ကာလအလိုက် ပြောင်းလဲနေရာ ထူးကဲကောင်းမွန်လှသည့် အရသာအစုံစုံတို့ကို မြည်းစမ်းနေကျ ပရိသတ်တို့မှာ ရုတ်ချည်းဆိုသလို အမှိုက်သရိုက်တစ်အိုးကို စားလိုက်ရပါလျှင် မည်သိူ့မှ သဘောတူလက်ခံနိုင်လောက်မည် မဟုတ်ချေ။
ကျိမြန်က ခေါင်းကို ခါယမ်းလိုက်သည်။ အနုပညာလောက၏ အရှုပ်အထွေးများအကြောင်း သတိရသွားသည့်အခါ ရှောင်ကျားရှုအတွက် ပိုမို စိတ်ဖိစီးသွားတော့၏။ ထိုစဉ် ဖုန်းခေါ်ဆိုမှုတစ်ခု ထပ်ဝင်လာပြန်သည်။ ဖုန်းနံပါတ်မှာ အလွန်ရှည်လျားကာ ပြည်ပမှ ဖုန်းနံပါတ် ဖြစ်ဟန်ပင်။ နှစ်ဦးသား အင်္ဂလိပ်လို ဆွေးနွေးကာ သဘောတူညီလိုက်ကြပြီးနောက် ဘေးနားမှ နားထောင်နေသော ဖန်ခွင်းက ခေါင်းကိုသာ အသာယမ်းလိုက်တော့သည်။
ငါတော့ ကျန်းပင်းကျဲအစား ရင်လေးနေပြီ ပြောတော့ကျ ရုပ်ရှင်ရိုက်နေရလို့ မအားဘူးဆို အလုပ် မရှိဘဲနဲ့များ ဘာလို့ ရှောင်ကျားရှုကို နင်းချဖို့ ကြိုးစားနေရတာလဲ အခုတော့ မင်း ကြိုးစားပမ်းစား ရိုက်ခဲ့သမျှ အားလုံးကို ပရိုဂျူဆာက ဖြုတ်ထားခဲ့တော့မှာ ဒါကို မသိဘဲနဲ့များ ပထမတန်းစား စူပါစတား နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်မင်းသမီး ဖြစ်လာတော့မှာနဲ့ အားကြိုးမာန်တက် ပရိုမိုးရှင်းဆင်းနေသေးတယ်နော်...တကယ်ပါပဲ ...
"Robocop" ရုံတင်၍ ကျန်းပင်းကျဲ၏ ပရိသတ်တို့ လာရောက်ကြည့်ရှုသည့်အခါ ဖြစ်လာမည့် ပုံရိပ်ကိုပင် ကြိုတင်မှန်းဆ၍ ရနေပေသည်။ သူမ ပေါ်ထွက်လာမည့် အချိန်ကို စက္ကန့်နှင့်အမျှ ရင်တမမ စောင့်နေသည့်တိုင် တစ်ပိုင်းတွင်မှ ပါလာမည် မဟုတ်ချေ။
တစ်ရုံလုံး မျက်နှာဖြတ်ရိုက်ခံရတဲ့ အသံတွေနဲ့ ဆူညံနေလောက်ပြီ မျက်နှာတွေတော့ ပူထူနေအောင်ကို နာနေကြမှာပဲ ...