Chapter 11
သူ့ဘော့စ်က ဆင့်ခေါ်နေတာလေ ဘယ်လိုလုပ် မသြားဘဲ နေလို့ရမှာလဲ ...
ရှောင်ကျားရှုက အနည်းငယ် နာကျင်နေသေးသော ပါးနှစ်ဖက်ကို အသာပွတ်သပ်ရင်း သူတို့စားပွဲရှေ့အထိ သြားကာ နှုတ်ဆက်လိုက်သည်။
"ကျိကော ခွင်းကော နေ့လည်စာ လာစားကြတာလား ..."
"ထိုင်လေ ..."
ကျိမြန်က သူနှင့် မျက်နှာချင်းဆိုင်ရှိ ခုံကို ညွှန်ပြရင်း စားပြဲထိုးကိုပါ လှမ်းခေါ်လိုက်သည်။
"စောစောက မွာထားတဲ့အထဲကို အမဲသားစတိခ္တစ္ပြဲ ထပ်ပေါင်းပေးပါ ငရုတ်ကောင်းနဲ့ က်က္တာကေတာ့ အနေတော်လောက်ပေါ့ ..."
"ဟုတ်ကဲ့ပါ မစ္စတာကျိ နောက်ထပ် ဘာမ်ား ထပ်မှာချင်သေးပါသလဲ ..."
စားပြဲထိုးက ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။
ကျိမြန်က ရှောင်ကျားရှုကို လှမ်းကြည့်လိုက်လျှင် သူက အသည်းအသန် လက်ယမ်းပြလိုက်သည်။
"ဘာမွ မမှာတော့ပါဘူး ကျေးဇူးတင်ပါတယ် ..."
အမဲသားစတိခ်ပဲ လာပြန်ပြီလား ... ငရုတ်ကောင်းတောင် ထပ်ထည့်ခိုင်းလိုက်သေးတယ် ဒီထက်ပိုပြီး ကောင်းပေးလို့ မရေတာ့ဘူးလား ... ဒီ ရုပ်ရှင်ဧကရာဇ်က ကြင်နာထောက်ထားတတ်ပြီးတော့ အကျင့်စာရိတ္တကောင်းတယ်လို့ ထင်ခဲ့ပေမယ့် ကျန်တဲ့သူတွေကို ရွေးချယ်ခွင့် မေပးဘဲ သူ့စိတ်တိုင်းကျ လုပ်ရတာကိုပဲ အသားကျနေတဲ့ အာဏာရှင်ကြီး ဖြစ်နေတာပဲ သူနဲ့ စားရတဲ့ ထမင်းနှစ်နပ်ကိုပဲ ကြည့်ပါ့လား အမြဲတမ်း သူပဲ ဦးအောင်မှာပြီး တစ်ခြားသူ ဘာစားချင်လဲဆိုတာကိုကျ ဘယ်တော့မှ မေမးဘူး ...
ရှောင်ကျားရှုမှာ ငြင်းဆန်လိုက်ချင်သော်ငြား သူ၏ ကောင်းမွန်သော အမူအကျင့်များက ထိုသို့ ငြင်းခွင့် မပြုချေ။
"ယို့ ဘယ္သူကမ်ား ငါတို့သခင်လေးရှောင်ကို ဒေါသထွက်အောင် လုပ္လိုက္တာလဲကြ မျက်နှာကြီးကို မည်းမှောင်နေတာပဲ ..."
လီကျားအကြောင်း တွေးနေသေးသည်ဟု ကောက်ချက်ချလိုက်သည့် ဖန်ခွင်းက အဓိပ္ပါယ်အပြည့်ဖြင့် မေးလိုက်သည်။