Chapter 7
ဤသို့ဖြင့် သူ၏ ပထမဆုံး တစ်ရက်တာကို အချည်းနှီး ကုန်ဆုံးလိုက်ရတော့သည်။ ဒုတိယနေ့ နေ့လည်ခင်းတွင်မူ ကျိမြန်က သူ့ကို "ကံကောင်းခြင်းရေစင်" ရုံးချူပ်သို့ ခေါ်ဆောင်လာခဲ့သည်။ တည်ထောင်သည့်သက်တမ်း ဆယ်နှစ်ပင် မပြည့်သေးသည့်တိုင် "ကံကောင်းခြင်းရေစင်" သည် နာမည်ကြီးကုမ္ပဏီ အမ်ားအျပားကို ဖိနှိပ်ကာ ထိပ်ဆုံးကုမ္ပဏီသုံးခုစာရင်းထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ ရုံးချုပ်မှာ မြို့လယ်ခေါင်တွင် တည်ရှိကာ ဖိုင်နယ်ပွဲကိုမူ အနီးရွိ လူငါးထောင်နီးပါးဆန့်သော အားကစားကွင်းထဲတွင် ကျင်းပမည်ဖြစ်သည်။
"ကျိကောက မိတ်ကပ်ပြင်ဖို့ လိုသေးတယ်ဆိုတော့ ဒီမွာပဲ ထိုင်စောင့်နေ ကြားလား ဟိုသြားဒီသြား လျှောက်မသွားနဲ့ ..."
ဖန်ခွင်းက ခမ်းနားထည်ဝါလှသော ပွဲအပြင်အဆင်ကို မျက်စိသူငယ်၊ နားသူငယ်ဖြင့် လှည့်ပတ်ကြည့်နေသော ရှောင်ကျားရှုအား မှာကြားလိုက်သည်။
"အိုကေပါ ..."
သူက ဝင်ပေါက်အနီးရှိ ဆိုဖာတစ်ခုပေါ် ထိုင်ချလိုက်သည့်တိုင် ဦးနှောက်ထဲတွင်မူ အစောပိုင်းက မြင်တွေ့ခဲ့သည့် စတိတ်စင်ကသာ နေရာယူထားပေသည်။
အရမ်းကို ဟိတ်ကြီးဟန်ကြီးနိုင်ပြီး ကျယ်ပြောလိုက်တာ အောက်မှာ အားပေးနေတဲ့ ပရိသတ်တွေကလည်း လူပင်လယ်ကြီး ကျနေတာပဲ အဲဒီ့လိုနေရာမှာ တက်ပြီး ဘယ္လိုမ်ား သီချင်းဆိုရဲကြလဲ မသိဘူး ...
သို့သော် အဖြေကို သူ့တစ်ဘဝလုံး ရှာဖွေလျှင်ပင် မတွေ့နိုင်လောက်သည့်အတွက် စိတ်ကူးယဉ်ရုံမျှသာ ရှိတော့သည်။
ကျိမြန်မှာ အလွန်ပင်ပန်းနေဟန်ပင်။ မ်က္လုံးကို မှိတ်လိုက်သည်နှင့်တစ်ပြိုင်နက် ချက်ခြင်း ငိုက်မျဉ်းသွားသည့်အတွက် မိတ်ကပ်ပြင်ပေးသူ၏ လှုပ်ရှားမှုတို့မှာ အသက်ရှုသံကိုပင် ပြန်ကြားနိုင်လောက်သည်အထိ ပိုမို ညင်သာသွားတော့သည်။ နာရီဝက်ခန့်အကြာ ပြင်ဆင်မှုအားလုံး ပြီးစီးသွားချိန်တွင် ဒိုင်များအားလုံး တက်တက်ကြွကြွ ထွက်ပေါ်လာကာ ပြိုင်ပွဲဝင်တို့၏ သီဆိုကခုန်မှုတို့ကို စတင်လိုက်ကြတော့သည်။