Chapter 19
ကျိမြန်က ရေချိုးခန်းအပြင်တွင် ရပ္ကာ ရေနွေးငွေ့တို့ အခိုးရိုက်နေသည့် လျောတံခါးကို စိုက်ကြည့်နေလိုက်သည်။ သူ့မျက်ဝန်းထဲရှိ အပြုံးတို့ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကာ ချင့်ချိန်စဉ်းစားနေဟန်တို့ အစားထိုး ဝင်ရောက်လာသည်။ ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ပြီးနောက်တွင်တော့ ကူကယ်ရာမဲ့နေသည့်တိုင် အလိုလိုက်ပေးလိုသော အမူအယာတို့သာ ကျန်ရစ်ခဲ့တော့၏။
တစ်နာရီကြာပြီးနောက် ... ခရီးမွ ပြန်လာပြီးနောက် ရေချိုးထားသည့် လင်းလဲ့ယန်နှင့် အက်အန ရုပ်ဖျက်ထားသော ကျိမြန်တို့နှစ်ဦး ဟော့ပေါ့ဆိုင်ရှိ သီးသန့်ခန်းထဲသို့ ရောက်လာကြတော့၏။ သူတို့၏ အရှေ့တွင် အမဲအူကြမ်း၊ ဘဲကလီစာ၊ တောင်ပံ၊ အာလူး အစရှိသည့် အရန်ဟင်းအမြောက်အများသာမက နှမ်းဆော့စ်နှင့် ဆော့စ်ပူများပါ ရှိနေပေသည်။ ထိုသည်သာမက မှိုဆော့စ်လည်း ရှိနေသေး၏။ နီရဲတောက်ပနေသည့် ဟင်းရည်မှာ အိုးထဲတွင် ဝဲဂယက်သဖွယ် လှည့်ပတ်နေကာ အလွန်စွဲလမ်းဖွယ် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေပေသည်။
လင်းလဲ့ယန်က သက်ပြင်းချကာ ဟင်းရည်အနံ့ကို အားရပါးရ ရှုရှိုက်လိုက်သည်။ သူ့ချစ်သူကို လှည့်ကြည့်လိုက်သည့် အမူအယာတို့မွာမူ အနည်းငယ် မသက်မသာ ဖြစ်နေပေသည်။
"ကျိကော ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဟော့ပေါ့စားချင်သွားရတာလဲ အစပ်စားနိုင်လို့လား ..."
"အစပ်နည်းနည်းလေးပဲ ထည့်ပေးဖို့ မှာထားတော့ ကိစ္စမရှိပါဘူး ..."
ကျိမြန်က သူ့ကောင်လေး၏ဆံပင်ကို ခပ်ဖွဖွထိုးဆွရင်း ပြုံးကာ ပြောလိုက်သည်။
"နောက်ကျ စားချင်တာရှိရင် ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပြောနော် ကိုယ်ပြောတာကိုပဲ ငြိမ်ပြီး လက်ခံမနေနဲ့ လူနှစ်ယောက်က အတူတူနေကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် မှီခိုနေရုံနဲ့တင် မလုံလောက်ဘူး အပြန်အလှန် ဆက်သွယ်တာတွေ၊ နားလည်တာတွေ၊ ပြီးတော့ သည်းခံပေးတာတွေလည်း ရှိရမယ်လေ ..."
လင်းလဲ့ယန်၏ ပါးနှစ်ဖက်မှာ တစ်ဖြည်းဖြည်း နီမြန်းလာကာ ခပ်နှေးနှေး ပြောလိုက်သည်။