Chapter 3
"ဘယ်လိုဖြစ်ပြီး ဒီလိုပုံမျိုး ဖြစ်လာတာလဲ ..."
ရွှယ်မြောင်က မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
"ဒီတိုင်းပဲ ပြောင်းချင်စိတ် ပေါက်လာတာနဲ့ ..."
သူက ဆံပင်ကို သပ်တင်ရင်း ခပ်မိုက်မိုက်စတိုင်ကို ထုတ်ပြကာ မေးလိုက်သည်။
"ကြည့်မကောင်းဘူးလား ..."
"သေချာပေါက်ကို ကြည့်ကောင်းတာပေါ့ နည်းနည်းတော့ နာမှာပဲနော် ..."
သူမက နဖူးကို ဖိနှိပ်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
"ဆေးဆိုးတာက မနာပါဘူး ဆံပင်ဆိုးဆေးနဲ့ မတည့်တာမှ မဟုတ္တာ ..."
ရှောင်ကျားရှုက အိမ်တွင်းစီးဖိနပ် ပြောင်းစီးရင်း ရေခဲသေတ္တာထဲမှ mask အသစ္တစ္ခ်ပ္ကို ထုတ်ယူလိုက်သည်။
"အမေပြောတာက နောက်ပိုင်း မင်းအဖေရိုက်တာ ခံရရင် နာမွာပဲလို့ သား အခန်းထဲ မြန်မြန် ပုန်းနေတော့ ..."
သူမက mask ကို ယူရင်း ပြောလိုက်သည်။
ရှောင်ကျားရှု "..."
တစ်နေ့လုံး တစ္ညလုံး အခန်းထဲ ပုန်းနေသည့်တိုင် ရှောင်ကျားရှုမှာ အရိုက်ခံလိုက်ရဆဲဖြစ်သည်။ ရှောင်တင်းပန်က ကုမ္ပဏီကိစ္စ ဆွေးနွေးရန် လာခေါ်သွား၍သာ မဟုတ်ပါလျှင် သူ့တင်ပါးတို့မှာ အကောင်းအတိုင်း ကျန်နိုင်တော့မည် မဟုတ်ချေ။ သိူ့သော် ဤကဲ့သို့ ကြုံတွေ့ခဲ့ရသည့်တိုင် သူဆံပင်ကိုတော့ အနက်ရောင် ပြန်မပြောင်းချေ။ ဒေါသတို့ အနည်ထိုင်သွားသော အဖေရှောင်ကလည်း သူ့ကိူ အတင်းအကြပ် မတိုက်တွန်းတော့သည့်တိုင် သူ့ကို မြင်ချိန်တိုင်း ထင်ရာစိုင်း၍ အရောင်အဝါတို့ မှိန်ဖျော့သွားသော နိုဗာကြယ်ကို တွေ့လိုက်ရသည့်နှယ် သက်ပြင်းအရှည်ကြီး ချနေလေ့ရှိသည်။
ရှောင်ကျားရှုမှာ ဤနိုင်ငံအတွင်း အပေါင်းအသင်းဟူ၍လည်း မည်မည်ရရမရှိ။ အသောက်အစား အပျော်အပါးလည်း မမက်သည့်အပြင် ပြိုင်ကားမောင်းခြင်းကိုလည်း ဝါသနာမပါ။ သူ၏ တစ်ခုတည်းသော ဝါသနာမွာ ဂိမ်းဆော့ခြင်းသာ ဖြစ်သည်။ နည်းပညာမြင့် ကွန်ပျူတာတစ်လုံး၊ အင်တာနက်ကွန်ယက်နှင့် အစားအစာသာ လုံလုံလောက်လောက် ရှိနေပါလျှင် တစ်လကိုးသီတင်း အခန်းအောင်းနေနိုင်ရာ အဖေရှောင်၏ ပူပန်မှုများမှာ အပိုသပ်သပ်သာ ဖြစ်သည်။