Chapter 8
ဖန်ခွင်းမှာ သခင်လေးရှောင်ကို အရိုအသေပေးလိုစိတ်များ တစ္ဖြားဖြား ထွက်ပေါ်လာတော့သည်။ သူ့ဘဝတစ်သက်တာတွင် မည်ကဲ့သို့ စကားလက်ဆုံကျသင့်မှန်း မသိသူများစွာနှင့် ဆုံဖူးသည့်တိုင် ဤကဲ့သို့ ရိုက်နှက်ချင်စရာ ကောင်းလောက်အောင် ပြောတတ်သူမျိုးနှင့်တော့ တစ်ခါမှ မကြုံဖူးသေးချေ။ လျီကားနေရာတွင် သူသာ ဖြစ်ခဲ့ပါလျှင် လက္သီးတစ္လုံး ပျံဝဲနှင့်နေပြီဖြစ်သည်။
လီက်ားက သက်ပြင်းတစ်ချက် ခိုးခ်ကာ ရှေ့ခုံရှိ ကျိမြန်ကို ကြည့်ရင်း တီးတိုး ပြောလိုက်သည်။
"ကျိကော ကျွန်မ ပြောမယ်ဆိုပြီး မေ့နေလို့ ကျွန်မရဲ့မျက်နှာက ခွဲစိတ်ပြုပြင်ထားဖူးပါတယ် ကျွန်မကို ရှာတွေ့သွားမှာမျိုး မဖြစ်ချင်လို့ ကျောင်းထွက်ပြီးတာနဲ့ ချက်ခြင်း ခွဲစိတ်လိုက်ရတာပါ ..."
ကျိမြန်က နွေးနွေးထွေးထွေး နှစ်သိမ့်ပေးလိုက်သည်။
"ဒါက ပြဿနာ မဟုတ်ပါဘူး ပြောရရင် ဒီလိုကိစ္စမျိုးက အနုပညာလောကမှာ အဆန်းမှ မဟုတ္တာ ကြယ်ပွင့်တစ်ယောက်ရဲ့ ရုပ်ရည်ဆိုတာကလည်း ရောင်းကုန်တစ်မျိုးလိုပဲ စနစ္တက် ပြင်ဆင်ထားရတာပဲလေ မင်း မခွဲစိတ်ခင်က ပုံတွေကို ဖန်ခွင်းဆီ ပို့ထားလိုက် ရှေ့လျှောက် လူထုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကိုင်တွယ်နိုင်အောင် ..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျိကော ကျွန်မရဲ့လက်ရှိဖုန်းထဲမှာ အရင်ကဓာတ်ပုံ တစ္ပုံမွ မရှိတော့ပါဘူး အိမ်ပြန်ရောက်မှ ဖုန်းအဟောင်းကိုရှာပြီး ပို့ပေးပါ့မယ် တကယ္လို့ သတင်းထောက်တွေ မေးလာရင်လေ ဒီကိစ္စကို ဖုံးကွယ်မထားချင်ဘူး အဆင်ပြေမလားဟင် အဲဒါက လူထုအတွက် အမြင်စောင်းသွားနိုင်လောက်လား ကျွန်မက မလိမ္မညာဘဲ အစစ်အမှန်ကိုပဲ ချပြချင်လို့ပါ ..."
လီက်ားက ချီတုံချတုံဖြင့် မေးလိုက်သည်။
"ပလက္စတစ္ဆာဂ်ရီ လုပ်ထားတာတောင် အစစ်အမှန်ပဲ ပြချင်ပါတယ်လို့ ပြောနေသေးတယ်ပေါ့ ohh ..."
ရှောင်ကျားရှုက တည်ငြိမ်နေသည့် လေထုကို တစ်ဖန် ဖျက်ဆီးလိုက်ပြန်သည်။