Chapter 10
ဖန်ခွင်းမှာလည်း အပေါ်ထပ်တွင် ရှိနေကာ သတင်းအချို့ ရပြီးဟန်ရှိသည်။ သူ့အမူအယာမှာ အလွန်ထူးဆန်းနေပြီး ကျိမြန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သီးသန့်နေရာတစ်ခုသို့ ဆွဲခေါ်သွားကာ ခပ္တိုးတိုး ပြောလိုက်သည်။
"အဲဒါ ရှောင်ကျားရှုပဲ ပြောပါဦး အဲဒီ့ ဆန်ကုန်မြေလေးကောင်က ဘာလိုချင်နေတယ် ထင်လဲ မနေ့ကမှ သူနဲ့ လီက်ား ပထမဆုံး တွေ့ဖူးတာ မဟုတ္လား ရန်ငြှိုးရန်စလည်း မရှိဘဲနဲ့ ဒီလိုလုပ်လိုက်တော့ရော သူ ဘာရသြားမွာတဲ့လဲ ပြီးတော့ ဥက္ကဌရှို့ရောပဲ သူကေရာ ဘာလို့ ဘာမွ ပြန်မမေးဘဲ သေဘာတူလိုက္တာလဲ မသိဘူး ငါပြောသားပဲ သူက လီက်ားရဲ့ အရည်အချင်းကို မမြင်တတ်ပါဘူးဆိုနေ သူမက အခုဆို တအားကို နာမည်ကြီးနေတာလေ အရူးအမူးဖြစ်နေတဲ့ ပရိသတ်တွေကကို မီလီယံနဲ့ချီပြီး ရှိနေတာ နည်းနည်းပါးပါးသာ အရောင်တင်လိုက်ရင် မျိုးဆက်သစ် အဆိုနတ်ဘုရားမတောင် ဖြစ်လာနိုင်တာ တကယ့်ကို ငွေရပေါက် အကြီးကြီးလေ ဥက္ကဌရှို့ရဲ့ လုပ်ရိုးလုပ်စဉ်အရဆို ဒီလိုမျိုး နည်းလမ်းမကျတဲ့ တောင်းဆိုချက်ကြီးကို လက်ခံနိုင်စရာ အကြောင်းမှ မရွိတာ ဟုတ္တယ္မဟုတ္လား သူတို့နှစ်ယောက်က သားအဖအရင်းတွေ ဖြစ်နေလို့များလား ..."
"တကယ်ပဲ သူ့လက်ချက်ပဲပေါ့ ..."
ကျိမြန်က မျက်ခုံးနှစ်ခုကို တွန့်ကျုံ့ရင်း အလိုမကျဟန်ဖြင့် မေးလိုက်သည်။
"နောက်ကွယ်က အကြောင်းအရင်းကိုရော သိရပြီလား ..."
"ဟင့်အင်း သူပြောတာတော့ ဘာကြောင့်ပဲဖြစ်ဖြစ် သူမကို ပိတ္ဆို့မွာပဲတဲ့ ငါ့အထင်ပြောရရင် ဒီကောင်က လွှမ်းမိုးနိုင်တဲ့ ဥက္ကဌပုံစံ ဖမ်းချင်နေတာများလားပဲ လီက်ားကို လမ်းဆုံးရောက်အောင် တွန်းပို့ပြီးမှ သူမရဲ့ သကြားဒယ်ဒီ လုပ်ပေးတာမျိုးလေ ဖြစ်နိုင်လောက်တယ်နော် ..."
ဖန်ခွင်း၏ အေတြးတို့မွာ တစ်ဖြည်းဖြည်း အရိုင်းဆန်ကုန်တော့၏။
ကျိမြန်ပါ ထိုအေတြးထဲ မျောသွားသေးသော်ငြား နောက်ဆုံးတွင်မူ သူက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။