Chapter 21
"တမန်တော်"၏ ခေါင်းဆောင်ဒါရိုက်တာ လောကျန်းဝေ့သည် အနုပညာလောကတွင် စကားပြောကောင်းသူဟု ကျော်ကြားပေသည်။
ခွက်ချင်းတိုက်ကာ ဂုဏ်ပြုပေးရမည့် အောင်ပွဲခံမိန့်ခွန်းသည် ရုပ်ရှင်ရိုက်ရခြင်း၏ ရည်ရွယ်ချက်မှအစ ထုတ်လွှင့်ခြင်း၊ မျှော်မှန်းထားသည့် ရုံဝင်နှုန်းသာမက အခြားအကြောင်းအရာများကိုပါ ပါဝင်လာသည့်အခါ မိနစ်နှစ်ဆယ်ကျော် ကြာမြင့်သွားတော့သည်။ သူသည် အကောင်းဆုံးဒါရိုက်တာအဖြစ် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်းများစွာကို ပိုင်ဆိုင်ထားကာ အနုပညာလောကတွင် လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသည့်အတွက် ရိုက်ကူးရေးတစ်ဖွဲ့သားလုံးမှာ သူ့စကားများကို နားထောင်ကာ ဩဘာပေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။
လေးစားအားကျကာ အပြုံးပန်းတို့ ဝေဆာနေသည့် မျက်နှာတို့အလယ်တွင် လူသစ်လေး ရှောင်ကျားရှု၏ မျက်နှာမှာ တစ္စထက္တစ္စ မည်းမှောင်လာတော့သည်။
မင်္ဂလာအချိန်နှင့် ကွက်တိကျနိုင်ရန် အလို့ငွာ ဖွင့်ပွဲအခမ်းအနားကို ၁၂ နာရီခြဲမွ ကျင်းပသည့်အတွက် ၄ နာရီမှသာလျှင် ပြဲကို အပြီးသတ်နိုင်တော့သည်။ ပွဲပြီးသည့်နောက်တွင်လည်း လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးဆက်သွယ်နိုင်စေရန် စကားစမြည် ပြောဆိုနေကြသည့်အတွက် စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင် ည ၇ နာရီခွဲနေပြီဖြစ်သည်။
ရှောင်ကျားရှုက စားရန်သောက်ရန် ခပ်ပြုံးပြုံး စောင့်နေချင်သော်ငြား အရသာရှိသော အစားအသောက်များကို မြင်သာမြင်၊ မကြင်ရသည့်အတွက် သူ့မျက်နှာထားကို ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ချေ။ မနီးမေဝးရွိ ကြက်ကင်ပန်းကန်ကို စိုက်ကြည့်ကာ စကားများနေသော ဒါရိုက္တာကို ရပ်တန့်နိုင်ရန် အလို့ငွာ သူ့ပါးစပ်ထဲသို့ ကြက်ပေါင်တစ်ချောင်း ထိုးထည့်လိုက်ချင်စိတ်များပင် ဖြစ်ပေါ်လာတော့၏။
"အခုတော့ နည်းနည်းလေး ပိုသက္သာလာသလိုပဲ ဟုတ်ပြီ နောက်ထပ် ငါးမိနစ်လောက် ဆက်သည်းခံနိုင်သွားပြီ ..."