Chapter 136
Sue Xing NwayApril 15, 2023
Chapter 136ရှောင်ကျားရှု သရုပ်ဆောင်ထားသည့် သခင်လေး ရှုထျန်းယုမှာ သေရမည်ကို လွန်စွာ ကြောက်သည့်တိုင် တရားမျှတမှုကို မြတ်နိုးသည့်အတွက် အရေးကြုံလာပါလျှင် အလွန်အမင်း သတ္တိရှိကာ ချစ်စရာကောင်းလှသည့် ဇာတ်ကောင်စရိုက်ကို ပိုင်ဆိုင်ထားပေသည်။ ကျိမြန် သရုပ်ဆောင်ထားသည့် တင်းကျင်းစုန့်မှာမူ အရန်ဇာတ်ကောင်မျှသာ ဖြစ်သော်ငြား သောင်ကျစ်ထျန်း၏ သရုပ်မျိုးကို ပိုင်ဆိုင်ထားပေသည်။ သူသည် U.S အခြေစိုက် အင်အားအကြီးဆုံး တရုတ်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ကာ မြေအောက်လောကကို ထူးထူးကဲကဲ လွှမ်းမိုးနိုင်သည့်အပြင် ဂေးတစ်ယောက်လည်း ဖြစ်နေသေးသည်။ မိန်းမလှလေးများကို မကြိုက်၊ ထိန်းရခက်လောက်အောင် ကလူတတ်မြှူတတ်သည့် အမျိုးသားအိုင်ဒေါများကိုသာ နှစ်သက်တတ်သူ ဖြစ်ပေသည်။
ရိုးရိုးလေးပဲ စဉ်းစားကြည့်လိုက်ပါ U.S မှာ အင်အားရှိနေပြီးသား လူကုန်ကူးတဲ့ဂိုဏ်းကို နိုင်ငံခြားက လာတဲ့ တရုတ်နှစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ ဒါကြောင့် ဇာတ်ညွှန်းရေးဆရာက ရွှေလက်ချောင်းကြီး တင်းကျင်းစုန့်ကို ထပ်ထည့်တာပေါ့ ...
တင်းကျင်းစုန့်သည် လှပခန့်ညားသည့် သခင်လေးကို ချစ်ကျွမ်းဝင်သွားကာ သူအခက်ကြုံလေတိုင်း အမြဲ ကူညီဖြေရှင်းပေးလိုက်တော့သည်။ တစ်ယောက်နောက် တစ်ယောက်လိုက်ရင်း အတူတူ ထွက်ပြေးရင်း ဇာတ်ကြောင်းတစ်ခုလုံး ရယ်ရွှင်ဖွယ် အပြည့်ပင်။ နောက်ဆုံးပိုင်း၌ သခင်လေးနှင့် သက်တော်စောင့်ကို လူကုန်ကူးသည့်ဂိုဏ်းက ဖမ်းမိသွားကာ အသတ်ခံရတော့မည့်အချိန်တွင် အချိန်မီရောက်လာပြီး အခြေအနေတို့ကို ပြောင်းလဲလိုက်သူမှာလည်း ထိုသူပင် ဖြစ်ပေသည်။
ရှောင်ကျားရှုက အိပ်ယာပေါ် လှဲလျောင်းကာ ဇာတ်ညွှန်းစာရွက်ကို လှန်လှောကြည့်ရင်း တောက်ခေါက်လိုက်သည်။
"ကျိကော ကောက ဒီလိုဇာတ်ကောင်မျိုး တစ်ခါမှ သရုပ်မဆောင်ဖူးဘူး မဟုတ်လား ဂိုဏ်းစတား ပြီးတော့ ဂေးတစ်ယောက်ဆိုတာမျိုးလေ ဒါက ကောရဲ့ ပုံရိပ်ကို ထိခိုက်နိုင်လောက်လား ..."