Chapter 137
Sue Xing NwayApril 17, 2023
Chapter 137ညရှစ်နာရီထိုးသည့်အခါ ဟော်တယ်မှ ထွက်လာခဲ့ပြီး လမ်းတစ်ဝက် ရောက်ကာမှ ရှောင်ကျားရှုက ရုတ်တရက် ပြောလိုက်သည်။
"ကျိကော လမ်းဘေးမှာ စတိုးဆိုင်လေးတွေ တွေ့ရင် ခဏ ရပ်ပေးဦးနော် ကျွန်တော် စားစရာသောက်စရာလေးတွေ ဝယ်ချင်သေးလို့ ..."
အမှန်စင်စစ်တွင် ထိုအကြောင်းပြချက်မှာ မုသားစကား ဖြစ်ပေသည်။ သူ အမှန်တကယ် ဝယ်လိုသည်မှာ ကွန်ဒုံးနှင့် ချောဆီများသာ ဖြစ်ပေသည်။ ယောကျာ်းများသည် အောက်ပိုင်းကိုသာ စဉ်းစားတတ်သည့် တိရိစ္ဆာန်များ ဖြစ်ကြရာ သူသည်လည်း ချွင်းချက်မဟုတ်ချေ။
ကျိကော၏ ချစ်သူကောင်လေးဖြစ်ကာ ထိုကဲ့သို့ အရှက်မဲ့သည့် လုပ်ရပ်မျိုးကို နေ့တိုင်း လုပ်ခွင့်ရနေသည်ဟု တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။ သူ့တွင် အတွေ့အကြုံ နည်းပါးလှသည့်တိုင် ကောင်းစွာ သင်ယူနိုင်ပေသည်။
ကျိမြန်က ကြမ်းကြမ်းတမ်းတမ်း နင်းလိုက်မိသည့်အတွက် ကား၏ အရှိန်မှာ ချက်ခြင်းပင် တရကြမ်း ဖြစ်သွားတော့သည်။
ရှောင်ကျားရှုက အလောတကြီး သတိပေးလိုက်၏။
"ကျိကော ဖြည်းဖြည်းပဲ မောင်းလေ ကျွန်တော်တို့ အလျင်မလိုပါဘူး ..."
ကျိမြန်က သူ့ကို နက်နက်နဲနဲ စိုက်ကြည့်လျက် ပြုံးကာ ပြောလိုက်သည်။
"မင်းက အလျင်မလိုဘူးလား ဘာလို့ ကိုယ်ကကျ အချိန်ကုန်နေပြီလို့ ခံစားမိနေတာလဲ မသိဘူး ဒီ့ထက်ကို မြန်ချင်နေသေးတာ ..."
"ကျွန်တော် တကယ်ကို အလျင်မလိုပါဘူး ဒီကနေ ဆူနာမီဘားကို ရောက်ဖို့ဆို နာရီဝက်ပဲ ကြာတာလေ အခုမှ ရှစ်နာရီ နှစ်မိနစ်ပဲ ရှိသေးတော့ အချိန်တွေ အများကြီး ပိုပါတယ် ဖြည်းဖြည်းပဲ မောင်းကြရအောင်လေနော် စိတ်မပူပါနဲ့ ဟုတ်ပြီလား ..."
သူက ကျိမြန်၏ လက်ဖမိုးကို အသာအယာ ပုတ်ပေးလိုက်သည်။
ကျိမြန်မှာ ဤကလေးကို ပွေ့ဖက်လျက် အတင်းနမ်းရှိုက်ပစ်ရန် မစောင့်နိုင်တော့။ သူ့အဝတ်အစားတို့ကို ချွတ်ကာ ကားစတီယာတိုင်ပေါ် ဖိကပ်လျက် တစ်ညလုံး ဟွန်းသံမြည်လာစေရန် မစောင့်နိုင်တော့။ သိူ့သော် ယခုအချိန်တွင် မည်သည်ကိုမှ မလုပ်နိုင်သေးသည့်အတွက် ဆန္ဒတို့ကို မျိုသိပ်ကာ ကားကို အလျင်အမြန် မောင်းနှင်လိုက်တော့သည်။ ငါးမိနစ်အကြာ စတိုးဆိုင်တစ်ဆိုင်၏ ရှေ့တွင် ကားကိူ ရပ်လျက် လက်ကို ယမ်းပြလိုက်သည်။