ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

6K 212 6
                                    

Chapter - 1
တောင်ပေါ်၊တောင်အောက်...။

လပြက္ခဒိန်၏ ပထမဆုံးလရဲ့ ရှစ်ရက်မြောက်နေ့တွင် ဆီးနှင်းများထူထပ်စွာကျဆင်းနေခဲ့သည်။

အစေခံမလေး ဖူဟွားသည် သူမရဲ့လက်ထဲတွင် ဝါးခြင်းတောင်းကြီးကိုကိုင်ထား၏။  သူမသည် အရပ်သိပ်မရှည်သလို ရိုးရိုးရှင်းရှင်း ချည်သားဝတ်စုံကိုသာ ၀တ်ဆင်ထားပြီး မတ်စောက်သော တောင်တက်လမ်းပေါ်တွင် ပေါ့ပါးသည့် ခြေလှမ်းများဖြင့် တောင်ပေါ်သို့လျှောက်တက်လာနေသည်။

ထိုအချိန်တွင် ဆီးနှင်းများ ပိုမိုပြင်းပြင်းထန်ထန်ကျဆင်းလာကာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အဖြူရောင် နှင်းစောင်ဖြင့် ခြုံလွှမ်းသွားသကဲ့သို့ပင်ဖြစ်သွားစေ၏။

သစ်ပင်များ၏ထိပ်ဖျားပေါ်တွင် နှင်းထူထူ အလွှာတစ်ခုရှိနေသည်။  တောင်လမ်းက မတ်စောက်သဖြင့် ဖူဟွားရဲ့ အရှိန်က ပုံမှန်လောက် မမြန်ချေ။ သူမသည် နှင်းများထူထပ်စွာကျဆင်းနေမှုကြောင့် အဟန့်အတားဖြစ်နေပုံရသော်လည်း၊ သေချာကြည့်ပါလျှင် သူမ၏ခြေရာများကြားအကွာအဝေးသည် ညီမျှနေပြီး တစ်လက်မ သို့မဟုတ် မီလီမီတာအနည်းလောက်ပင်မကွဲပြားသည်ကိုတွေ့ရမည်ဖြစ်၏။

[ T/N - ဘာလို့အဲ့ဒီလိုခြေလှမ်းညီရသလဲဆိုရင် သိုင်းသမား (သို့) ကျင့်ကြံသူဖြစ်ကြလို့ပါ ]

တောင်ပေါ်တွင် ငှက် သို့မဟုတ် မည်သည့် တိရိစ္ဆာန်တွေမှ ရှိမနေချေ။ ထိုအစား နှင်းပွင့်တွေ တဖြောက်ဖြောက် ကြွေကျနေသည့်အသံတွေပဲ ရှိ၏။

သူမ လမ်းလျှောက်နေတာ မည်မျှကြာမှန်း မသိတော့သည့်အချိန်တွင် ဖူဟွားသည် အဖြူရောင် အခိုးအငွေ့တွေကို ပါးစပ်ထဲမှမှုတ်ထုတ်လိုက်ပြီးနောက် သူမရဲ့ နှုတ်ခမ်းထောင့်တွေကလှပစွာကွေးတက်သွားတော့သည်။ ခပ်မြင့်မြင့် ထင်းရှူးပင်တစ်ပင်ကို ကွေ့ပတ်လျှောက်ပြီးသည်နှင့် သူမရဲ့လမ်းလျှောက်နေသည့် အရှိန်ကို မထိန်းနိုင်ဘဲမြှင့်လိုက်မိသည်။  ခဏအကြာတွင် မြင့်မားလှပသည့် ပွဲကြည်စင်တစ်ခုက သူမမြင်ကွင်းထဲသို့ ၀င်လာလေ၏။

ပွဲကြည့်စင်ကို ကမ်းပါးတစ်ခု၏ထိပ်တွင် တည်ဆောက်ထားပြီး၊ ယင်း၏၀န်းကျင်တွင် ထင်းရှုးပင်များပတ်လည်၀ိုင်းနေ၏။ ပွဲကြည့်စင်က အထပ်နှစ်ထပ်ပါရှိပြီး ဘေးပတ်ချာလည်ကို ဝါးကန့်လန့်ကာဖြင့် တင်းကျပ်စွာ ဝန်းရံထားသည်။ ဝါးကန့်လန့်ကာသည် ပထမအကြည့်တစ်ချက်တွင် ရိုးရိုးသာမန်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် လေတိုက်နူန်း မည်မျှပင်ကြီးသည်ဖြစ်စေ၊ နှင်းမုန်တိုင်းများ မည်မျှပင်ပြင်းထန်နေပါစေမူ ပွဲကြည့်စင်အတွင်းတွင် အအေးဒဏ်မှ ကာကွယ်ပေးသည့် သေးငယ်သော ယန္တရားတစ်ခုကို ဖုံးကွယ်တပ်ဆင်ထားပေ၏။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now