ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

358 60 0
                                    

Chapter 109
Imperial MeowAugust 02, 2023
Chapter 109





ရွှမ်ချင်းသည် ခါးသက်စွာ ပြုံးလိုက်ပြီး "နောက်ဆုံး လင်းကုန်းဇီ နောက်ပြောင်​နေတာမဟုတ်ရင် အဲဒီအရာက မနေ့ညက တည်းခိုခန်းကို ရောက်လာတယ် ဒါ​ပေမဲ့ ကျွန်တော်က လင်းကုန်းဇီရဲ့ ​ဘေးကပ်လျှက်အခန်းမှာရှိ​နေပြီး အဲဒီအရာရဲ့အသက်ရှူသံကိုတောင် မခံစားခဲ့ရဘူး ဒါ​ကြောင့်... ...လင်းကုန်းဇီကို မကာကွယ်နိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်"

လင်းရု​ဖေးက သူ့အရှေ့ရှိ လက်ဖက်ရည်ခွက်ကို အ​ပျော်သ​ဘောဖြင့် ပွတ်သပ်လိုက်ပြီး "ဆရာကြီးရွှမ်ချင်းက ဘာလို့ ရုတ်တရက် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိ​ရတော့တာလဲ"

ရွှမ်ချင်းက ပြန်​ဖြေလိုက်သည်။

"လင်းကုန်းဇီကို ဆက်နေဖို့ အကြံပေးသေးတယ် ဆိုရင်တော့ ဒါဟာ ယုံကြည်မှုရှိတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတာဖြစ်သွားပြီ"

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး “နောက်ဆုံး​တော့ လူ့အသက်ဆိုတာ ကမ္ဘာပေါ်မှာ ပျက်စီးကျိုးပဲ့ဖို့ အလွယ်ကူဆုံး​သောအရာပဲ"

လင်းရု​ဖေးက ထုံးစံအတိုင်း ​မေးမြန်းလိုက်သည်။

"ဒါဆို ဆရာကြီးရွှမ်ချင်းကိုယ်တိုင်က​ရော မကြောက်ဘူးလား"

ရွှမ်ချင်းကဆိုသည်။

"ဒီဆရာတော်ရဲ့ဘဝက ဘာမှတန်ဖိုးမရှိပါဘူး"

လင်းရု​ဖေး၏ အကြည့်များက ​တောက်လောင်သွားသည်။

“သာမန်ဘုန်းကြီးတွေရဲ့ ဘဝတွေက သိပ်ပြီးတန်ဖိုးမရှိမှာကို ကျွန်​တော်​ကြောက်​ပေမဲ့ နန်ယင်းဘုရားကျောင်းက ဘုန်း​တော်ကြီးတွေက သာမာန်ဘုန်းကြီးတွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"



ရွှမ်ချင်း၏အမူအရာသည် အနည်းငယ်အားကိုးရာမဲ့ ဖြစ်သွားသည်။ ဤမျှအန္တရာယ်ကင်းပုံရသော လင်းကုန်းဇီသည် အလေးအနက်ပြောလာသောအခါတွင် လူများအတွက် ပြန်လည်​ချေပ​ပြောဆိုရန် အ​တော်​လေး ခက်ခဲသွား​အောင် လုပ်နိုင်သည်အထိ ဤမျှလောက် သွက်လက်စွာ​ပြောဆိုတတ်လိမ့်မည်ဟု သူ မမျှော်လင့်ထား​ပေ။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now