Chapter 2
နွေဦးတွင်လမ်းလျှောက်ခြင်း။တောင်ပေါ် နှင့် တောင်အောက် ရာသီဥတုက အရမ်းကွာခြား၏။ ဤအချိန်တွင် တောင်အောက်တွင်မူ နွေဦးရာသီဖြစ်၍ အပင်များ၌ပန်းတွေလှိုင်လှိုင် ပွင့်နေကြပြီဖြစ်သည်။
ခွန်းလွန်တောင်အနီးတွင် အခမ်းနားဆုံး နှင့် အလှပဆုံးသော ချယ်ရီပန်းပင်တောကြီးရှိသည်။ ချယ်ရီပန်းများ၏ လှပမှုကြောင့် ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်သော်လည်း ထိုတောအတွင်းတွင် လူတွေအား အတော်လေး စိတ်အနှောက်အယှက်ဖြစ်စေနိုင်သည့် မျောက်အုပ်စုကြီးလည်း ရှိနေ၏။
အရေအတွက်က တော်တော်များပြီး လမ်းသွားလမ်းလာများကို မကြာခဏ အနှောင့်အယှက်ပေးတတ်သည်။ သို့သော်လည်း ဤမျောက်အုပ်စုသည် အလွန်ကိုဉာဏ်ကောင်းပြီး ပိုင်းခြားသိမြင်နိုင်ကြသည်။ သူတို့မကိုင်တွယ်နိုင်ဘူးလို့ ထင်သည့်သူများကိုဘယ်တော့မှ အနှောက်အယှက်မပေးချေ။ ထို့အစား အားနည်းသူတွေ၊ ဥပမာ စာပေ ပညာသင်ကျောင်းတော်သားတွေ နှင့် ငယ်ရွယ်သူမမလေးတွေကိုသာ အမြဲတမ်း ပစ်မှတ်ထားတတ်ကြ၏။
"မင်းသွားလို့ရပြီ"
ဖူဟွားက တစ်ခုခုထပ်ပြောချင်နေသေးပေမယ့်လည်း လင်ရုဖေးက သူ့လက်ကို ဝှေ့ယမ်းပြီး ထွက်သွားရန်အချက်ပြလိုက်သည်။
"ငါအခု နည်းနည်းပင်ပန်းနေတယ်"
"သခင်လေး ကျွန်မတို့ တောင်ပေါ်ကဆင်းရအောင်"
ဖူဟွားကအနူးအညွတ်တောင်းဆိုလိုက်၏။
“ဒီတောင်ပေါ်မှာက အရမ်းအေးတယ် သခင်လေးရဲ့ ခန္ဓာကိုယ်ကလည်း နဂိုတည်းက အရမ်းအားနည်းနေတာ တကယ်လို့များ သခင်လေးရဲ့ကျန်းမာရေးကသာ ဒီ့ထက်ပိုဆိုးသွားခဲ့ရင် ဒုတိယသခင်လေးက ကျွန်မခေါင်းကို ဖြတ်ပစ်လိမ့်မယ်”
လင်ရုဖေးက အသာရယ်မောလိုက်ပြီး "ကိစ္စမရှိဘူး ငါသူ့ကိုတားပေးမယ်"
ဖူဟွားကဆက်လက်၍အထွန့်တက်သည်။
"သခင်လေးတောင်ပေါ်မှာ မနေချင်ဘူးဆိုရင် ကျွန်မတို့တခြားနေရာတွေကိုလျှောက်ပတ်ကြည့်လို့ရသေးတယ်လေ"

ВЫ ЧИТАЕТЕ
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Документальная проза💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...