chapter 186

308 41 0
                                    

Chapter 186
Sue Xing NwayAugust 27, 2023
Chapter 186

​သူလေးပေါက်စ

───────

သို့သော်လည်း လင်းရုဖေးအား ပိုပြီးစိတ်ပူစေသည့်အရာက ကုရွှမ်းတုက အတိတ်ကနေ့ရက်တို့အား သတိရသေးပုံမပေါ်၍ပင်။သူ၏သတိအခြေအနေက မှုန်ဝါးဝါးဖြစ်နေသေး၍ မူလက သူ့စိတ်အခြေအနေက တစ်သက်လုံးဤသို့ဖြစ်သွားမည်အား စိုးရိမ်မိသည်။သို့သော်လည်း သူကတစ်နေ့ ကုရွှမ်းတုကြောင့်နိုးလာရကာ ကုရွှမ်းတုက သူ့လက်ချောင်းလေးအား ရုတ်တရက်ဆုပ်ကိုင်လိုက်ပြီး ကလေးသံလေးဖြင့်:"ရှောင်ကျို့"ဟုခေါ်လာမည်အား မည်သူကသိမည်နည်း။

လင်းရုဖေးက အံ့အားသင့်သွားရကာအော်ခေါ်လိုက်မိသည်။

"ရွှမ်းတု"

သူ့နာမည်အား အခေါ်ခံလိုက်ရ၍ သူကတစ်ခုခုအား မှတ်မိသွားရပေမည်။

သို့သော်လည်း ကုရွှမ်းတုက ဤစကားလေးနှစ်လုံးကိုသာ သိလေ၏။

"ရှောင်ကျို့လို့......"

လင်းရုဖေးက  အလျင်မလိုပါချေ။သူ့ခေါင်းလေးအားပုတ်လိုက်ရင်း ဆာနေ၍ပါလားဟု မေးလိုက်ရာ ကုရွှမ်းတုက ခေါင်းညိမ့်ပြလာ၏။ဤနေ့မှစကာ ကုရွှမ်းတု၏အခြေအနေက တဖြေးဖြေးတိုးတက်လာပြီး သူ့နာမည်ရင်းအား သတိရသွားရုံမက အချို့မှတ်ဥာဏ်များလည်း ပြန်ရလာသည်။သို့သော်လည်း ဤမှတ်ဥာဏ်များက အတော်လေးရှုပ်ထွေးပြန့်ကျဲနေဆဲပင်။အချိန်ကြာသွား၍ထင် ကောင်းသည့်မှတ်ဥာဏ်များနှင်ဆိုးသည့်မှတ်ဥာဏ်များက လတ်တလောတွင် အတူတူရောနှောနေ၏။

သူက ကောင်းသည့်အရာများအား အမှတ်ရသွားသော် ကုရွှမ်းတုက ပျော်ရွှင်လာပြီး ရှောင်ကျို့ဟုခေါ်လာပြီး သူ့အား ထိုမြို့တွင်ရောင်းသည့် အရုပ်ပုံသကြားလုံးလေးများက အလွန်အရသာရှိလှ၍ နောက်ထပ်တစ်ခုစားချင်ကြောင်းဆိုလာ၏။သူက မကောင်းသည့်အရာများအား အမှတ်ရသွားသော် သူက တစ်ရှုံ့ရှုံ့ငိုလာပြီး သူ့အားထပ်ပြီးထားမသွားရန် ငိုပြီးပြောတတ်သည်။ထိုသည်က သူထပ်ပြီးနောက်ထပ်နှစ်တစ်ရာစောင့်ရမည်စိုး၍ဖြစ်မည်။ထိုချယ်ရီပန်းပွင့်တောက အလွန်ကြီးမားပြီး ကျန်ရစ်ခဲ့သောအခါ ပိုပြီးအေးစက်အထီးကျန်ဆန်ခဲ့၏။သူက ဘာမှမလုပ်နိုင်သော်လည်း စောင့်ပြီးရင်းစောင့်ကာ ဆောင်းရာသီတွင် ဘယ်တော့မှမပွင့်သည့် ချယ်ရီပန်းပွင့်လေးအား စောင့်နေရသလိုပင်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေOnde histórias criam vida. Descubra agora