Chapter 66
Imperial MeowJuly 15, 2023
Chapter 66မော့ကျောက်ချိုင်တစ်ယောက်သူရဲ့ချစ်လှစွာသော အရိုးကိုမြေမြှပ်ရင်းပြောလိုက်သည်။
သူရဲ့ထိုသို့သောပုံစံကိုမြင်သည့်အခါ ဤကလေးကချစ်ဖို့ကောင်းသားပဲလို့တွေးမိလေသည်။ သို့ပေမယ့် သူကြည့်ရတာ ထင်သလောက်မရိုးရှင်းသည့်ပုံပင်။
ကုရွှမ်းတုပြောသည့် 'မော့' က သူ့ကိုရည်ညွှန်းသည်ဆိုပါက သတိသာထားရပေမည်။
စားသောက်ပြီးနောက် မော့ကျောက်ချိုင်က သူ့ကိစ္စဖြေရှင်းရန်တောထဲသွားတုန်း လင်းရုဖေးက ထိုကောင်လေးအား သတိထားရန် ဖူဟွားနှင့်ယွီရွေ့အားပြောလိုက်၏။
ဖူဟွားက ခေါင်းငြိမ့်လိုက်ပေမယ့် အနည်းငယ်စိတ်ရှုပ်ထွေးနေသည့်ပုံပင်၊ ဖူဟွားက သူ့မှာချီဓားအငွေ့အသက်မရှိဘူးဟု ဆို၏။
'ဒါမှမဟုတ် သူတို့ကိုလှည့်စားထားတာလား'
လင်းရုဖေးက မောက်ကျောက်ချိုင်မှာ ဘာလျှိုဝှက်ချက်တွေရှိလည်းမသိပေမယ့် သတိဆိုတာကပိုသည်မရှိချေ။
မော့ကျောက်ချိုင်က သူ့ကိစ္စရှင်းပြီးနောက် ပြန်လာပြီးမီးပုံဘေးတွင်ထိုင်ကာ မြေကြီးတွေကိုတုတ်နှင့်ထိုင်ထိုးနေလေသည်။
နောက်လည်း အတော်ကျနေလေပြီ။ မနေ့ညကတစ်ယောက်မှ ကောင်းကောင်းမအိပ်ရသေးသဖြင့် သူတို့တွေအကုန်ပင်ပန်းနေကြပြီဖြစ်၏။ ရထားလုံးလည်းမရှိတာကြောင့် မြေကြီးပေါ်မှာပဲအိပ်ရမည့်ပုံပင်၊ ဖူဟွားက ယခုအရေးကိုကြိုမြင်ထားသဖြင့် ကြိုးတွေကိုထုတ်လိုက်ပြီး သစ်ပင်တွေကိုသုံးကာ ပုခက်လုပ်လိုက်ပြီးနောက် ထိုအပေါ်တွင်နူးညံသည့်အခင်းများခင်းလိုက်သည်။
လင်းရုဖေးက ယခုလိုပုခက်ပေါ်မှာ အိပ်တာက ပထမဆုံးအကြိမ်ဖြစ်သဖြင့် အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ ပုခက်ပေါ်လှဲလိုက်သည့်အခါ မည်းနက်တဲ့ကောင်းကင်ယံထက်တွင် တောက်ပနေသည့်လမင်းကြီးနှင့် သူ့နဘေးမှာပြန့်ကျဲ့နေတဲ့ ဖျော့တော့တော့တိမ်တိုက်လေးတွေကိုမြင်လိုက်ရလေသည်။
![](https://img.wattpad.com/cover/343576080-288-k91129.jpg)
KAMU SEDANG MEMBACA
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Nonfiksi💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...