ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

826 127 3
                                    

Chapter 9

"ဟာ...ကု မိသားစုထဲက ကလေး ရောက်လာပြီ" ဖူဟွားသည် ဓားသိုင်းယှဥ်ပြိုင်မည့်စင်မြင့်ထက်သို့ ပျံတက်လာသော လူငယ်တစ်ယောက်ကို သတိပြုမိသွားပြီး “သခင်လေး ကြည့်...”

လင်းရုဖေးသည် မျက်၀န်းများကို ပင့်ကြည့်လိုက်သော်လည်း စင်မြင့်ပေါ်သို့ သွက်သွက်လက်လက် ခုန်ဆင်းသွားသည့် အသွင်ကိုသာ မြင်လိုက်ရသည်။ အကွာအဝေးကြောင့် လင်းရုဖေးသည် ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရသော်လည်း ကု မိသားစု၏ စတုတ္ထမြောက်သားရဲ့ခေါင်းအထက်တွင်ရှိနေသော ရှုပ်ယှက်ခတ်နေသည့်အနက်ရောင် ဆံပင်ရှည်တို့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ သူ့အနောက်တွင်မူ အနက်ရောင် အ၀တ်စဖြင့် ပတ်ထားသည့် ဓားရှည်ကြီးတစ်ချောင်းရှိနေ၏။ သူ့အရပ်ကသိပ်မရှည်ပေ၊ သူသယ်ဆောင်လာသော ဓားရှည်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်နေသဖြင့် ပွဲကြည့်နေသူများမှာ အလွန်စိုးရိမ်သွားကြသည်။

"ငါ့နာမည် ကုဖေးယွီ" ကု မိသားစု၏ စတုတ္ထမြောက်သားရဲ့ အသံသည် လင်းပျန့်ယွီဘက်သို့ လှည့်၍ဆိုလိုက်စဉ်တွင် ဆယ်ကျော်သက်အရွယ်၏ ပြတ်သားမှုနှင့်ကြည်လင်မှုတချို့ရှိနေဆဲဖြစ်၏။

"မင်းရဲ့ဓားစွမ်းရည်က အရမ်းအားကောင်းတယ်လို့ ငါကြားမိတယ်"

လင်းပျန့်ယွီက ပြုံးပြီး နှိမ့်ချမှုအပြည့်ဖြင့်ပြန်ဖြေသည်။

"ဒါက အဆင်ပြေတယ်ဆိုရုံလောက်ပါ"

ကုဖေးယွီက သူ့မျက်လုံးများကိုလှန်လိုက်ပြီး "မင်းကိုငါအနိုင်ရရင် ခွန်းလွန်တောင်ကနေ ငါကြိုက်တဲ့ဓားတစ်ချောင်းကို ငါယူလို့ရတယ်မလား"

"ဆိုပါတော့" လင်းပျန့်ယွီ က ပြန်ဖြေသည်။

"ဒါဆို မင်းရဲ့ထျန်းရှောင်ကို ယူမယ်" 

ကုဖေးယွီသည် ဂရုမထားသည့်ဟန်ဖြင့် ထိုကဲ့သို့သော အံ့အားသင့်ဖွယ် စကားလုံးများကို ထုတ်ပြောလာသည်။

ထိုစကားတွေထွက်လာပြီးသည်နှင့် မူလက ဆူညံသံတွေမှာ  ချက်ချင်းငြိမ်ကျသွားပြီး မျက်လုံးတွေအားလုံးက စင်ပေါ်မှာ တည်ငြိမ်စွာရပ်နေသည့် လင်းပျန့်ယွီ ကို လှည့်ကြည့်မိလိုက်ကြသည်။ ဤလူသစ်လေး၏ ဒေါသကို သူမည်သို့ တုံ့ပြန်မည်ကို သူတို့ အလွန်တရာမှမြင်ချင်မိကြ၏။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေDonde viven las historias. Descúbrelo ahora