Chapter 77
Imperial MeowJuly 15, 2023
Chapter 77လင်းမိသားစုရဲ့လေးယောက်မြောက်သားက ချောမောပြီးရည်ရည်မွန်မွန်ရှိပေမဲ့ခန္တာကိုယ်ကအားနည်းကာချီဓားရဲ့အငွေ့အသက်လည်းမရှိပေ။ အချိန်မရွေးလေတိုက်သည်နှင့် လှဲကျတော့မည့်နှယ်။ လျိုရုကုန်းက သန်မာတဲ့သူတွေကိုသာ စိတ်၀င်စားလေသည်။ လင်းရုဖေးလိုလူမျိုးက အကယ်၍ခွန်လွန်း လင်းမိသားစုကသာမဟုတ်လျှင် မေးခွန်းမေးရန်ပင်စိတ်မ၀င်စားချေ။
သို့ပေမဲ့ လင်းရုဖေးကြည့်ရတာ ထင်ထားသလို အန္တရာယ်မရှိသည့်ပုံမပေါက်ပေ။ လျိုရုကုန်းပြုံးလိုက်ကာမျက်လုံးကိုမှေးလိုက်ပြီး သူခါးဘေးမှာရှိနေသည့် လော့ရှန်ကိုသူကိုယ်တိုင်ပင် သတိမထားမိဘဲပွတ်သပ်လိုက်သည်။
ပြီးနောက် သူကရီရီမောမောဖြင့်"လင်းကုန်းဇီ နောက်ရက်အနည်းငယ်ကြာရင် ကျွန်တော်ရဲ့နေထူးနေမြတ်ဖြစ်လိမ့်မယ် ကျွန်တော်ကိုမျက်နှာသာပေးတဲ့အနေနဲ့ပွဲကိုလာဖို့မမေ့နဲ့နော်"
လျိုရုကုန်းရဲ့စကားတွေကိုကြားချိန်တွင် လင်းရုဖေးက အရှေ့တည့်တည့်ကိုတူရှု၍သာလမ်းလျှောက်နေခြင်းဖြစ်သည်။
သူကလှုပ်ရှားမှုတွေခဏရပ်လိုက်ပြီး "......ကောင်းပြီလေ"ဟုပြန်ဖြေလိုက်သည်။
"လင်းကုန်းဇီဘာတွေးနေတာလဲဆိုတာကျွန်တော်သိပါတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး ပြောစရာရှိတယ်ဆိုရင်ပြောသာပြောပါ ကျွန်တော်စိတ်ထဲမထားပါဘူး" လျိုရုကုန်းကပြောလေ၏။
လင်းရုဖေးက ခေါင်းကိုလှည့်ကာသူကိုကြည့်လိုက်ပေမဲ့ဘာမှမဆိုတော့ပေ။ သူအရမ်းကိုသိချင်ပေမဲ့လည်း နောက်ဆုံးတွင် ဤသည်ကတပါးသူရဲ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်နေလေသည်။ ပြီးတော့လျိုရုကုန်းရုတ်တရတ်ကြီးစိတ်အားထက်သန်နေတာက သာမာန်ထက်ပိုနေသည်။ သူ ဒီလျိုရုကုန်းက တစ်ခုခုကိုအစီအစဉ်ချနေသည်ဟုခံစားနေရသည်။
လျိုရုကုန်းကခဏလောက်စောင့်နေပေမဲ့လင်းရုဖေးကလုံး၀ကိုစိတ်၀င်မစားဟန်ဖြင့်အကြည့်လွှဲလိုက်သည်။
![](https://img.wattpad.com/cover/343576080-288-k91129.jpg)
ČTEŠ
ဆောင်းနှင်းဓါးထက်ချယ်ရီဝေ
Literatura faktu💥New BL Coming Soon Title- Cherry Blossoms Upon a Wintry Sword Type - Web Novel(CN) Genre - Adventure, Comedy, Shounen Ai ,Xuanhuan Yaoi Author - XĪ Zîxù E-Translator - N/A Year -2019 Status- 92 +7 (extras) MM Translator - IQ Team ဆောင်းနှင်းဓားထ...