ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

390 51 0
                                    

Chapter 106
Imperial MeowAugust 02, 2023
Chapter 106

တတိယမင်းသမီး

-------------

နန်းတော်၏မြင့်မားသော ဟင်္သာပြဒါးအနီ​ရောင်တံခါးများမှ ဝင်လိုက်သည်နှင့် တပြိုင်နက် လေထုက ချက်ချင်းပင် တင်းမာလာသည်။ ​ရှေ့သို့ဆက်သွားမည့်သူတို့၏လမ်းကို လက်နက်များနှင့် ​လေးလံ​သောသံချပ်ကာများ ဝတ်ဆင်ထား​သော အစောင့်များက ဝိုင်းရံထားသည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် ရထားကို အကြိမ်ပေါင်းများစွာ ရပ်တန့်ခြင်းခံခဲ့ရသော်လည်း ရထားပေါ်ရှိ ရွှမ်ချင်းကိုမြင်ပြီးနောက် သွားခွင့်​ပေးခဲ့သည်။

ရွှမ်ချင်းနှင့် အ​စောင့်တို့၏ အာလာပ သလ္လာပစကား​များကို နား​ထောင်​နေရင်း လင်းရု​​ဖေးက မျက်လုံးမှိတ်ကာ ရထားပေါ်တွင် ထိုင်နေလေသည်။ အစောင့်သည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေပုံရပြီး အစမှအဆုံးအထိ မျက်မှောင်ကြုတ်ကာ ဘယ်သောအခါမှ ​ပြေလျော့သွားခြင်းမရှိ​ပေ။ ရွှမ်ချင်း၏အမူအရာသည် သိပ်ပြီးမပြောင်းလဲဘဲ လင်းရု​ဖေး သူ့ကို ပထမဆုံးစတွေ့တုန်းကကဲ့သို့ သနားကရုဏာသက်နေတုန်းပင်။

နောက်ဆုံးတွင် သူတို့ လိုရာခရီးကို ရောက်ရှိခဲ့ပြီး တစ်ဖွဲ့လုံး ရထားပေါ်မှ ဆင်းလိုက်ကြသည်။ လင်းရု​ဖေးသည် ခန်းမကြီးထဲသို့ ရွှမ်ချင်း​နောက်မှ လိုက်၀င်သွား​သော​ကြောင့် ဖူဟွားနှင့် ယွီ​ရွေ့တို့သည် အပြင်ဘက်၌ စောင့်ဆိုင်းနေရုံသာတတ်နိုင်၏။

ခန်းမကြီး၏ အတွင်းထဲတွင် လှပပြီးကျက်သ​ရေရှိ​သော အမွှေးနံ့သာများ ထွန်းထားပြီး အဝါရောင်၀တ်စုံဝတ်ထားသည့် အမျိုးသားတစ်​ယောက်သည် စာအုပ်စင်ရှေ့တွင် ထိုင်နေပြီး အနီ​ရောင်ဝတ်စုံဝတ်ထားသည့် အခြားအမျိုးသားတစ်​ယောက်ကို တစ်ခုခု​ပြော​​နေသည်။ ဧည့်သည်အချို့ ဝင်လာသည်ကို မြင်ပြီး စကား​ပြော​နေခြင်းကို ရပ်လိုက်ကြသည်။ ထိုပုဂ္ဂိုလ်သည် တာ့ကျင့်ဧကရာဇ် ပိုင်ကျင့်လွင်ဖြစ်နိုင်သည်။ ပိုင်ကျင့်လွင် ဘေးနားရှိလူသည် လင်းရု​​ဖေး ဖိတ်ခေါ်ချင်သည့် ပိုင်ထျန်း​ရွေ့ပင်ဖြစ်သည်။ ပိုင်ကျင့်လွင်၏မျက်နှာသည် အရမ်းအသက်ကြီးပုံမ​ပေါ်​သော်လည်း အမှန်တကယ်တွင် သူ့နားထင်များ၌ ဆံပင်များဖြူ​နေ​လေပြီ။ မျက်လုံးထောင့်ရှိ အ​ရေးအ​ကြောင်းများက သူ၏အသက်အမှန်ကို ဖော်ပြ​နေသည်။ သို့​သော် သူ့ဘေးနားရှိ ပိုင်ထျန်း​ရွေ့သည် ကျက်သ​ရေရှိသည့် ကိုယ်ဟန်အနေအထား ရှိနေပါသေးသည်။ ရွှမ်ချင်းပြောသည့်အတိုင်းပင် မက်မွန်ပွင့်မျက်လုံးတစ်စုံသည် သူတို့ကို ပြုံးပြနေသည်။ မျက်နှာတစ်ခုတည်းသာ ကြည့်မည်ဆိုလျှင် ထိုပိုင်ထျန်း​ရွေ့သည် ဩဇာအာဏာကြီးမားသည့် လူတစ်​ယောက်နှင့်မတူဘဲ မဆင်မခြင်နှင့် အထိန်းအကွပ်ကင်းမဲ့​သောဓားသမားနှင့် ပိုတူ​ပေသည်။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေDonde viven las historias. Descúbrelo ahora