chapter 144

350 55 4
                                    

Chapter 144
Imperial MeowAugust 16, 2023
Chapter 144



ရာသီဥတုက လွန်ခဲ့သည့် ရက်အနည်းငယ်ကလောက် မပူ​တော့​ပေ။ လင်းရု​ဖေး ဘာမှလုပ်စရာမရှိ​သော​ကြောင့် သူနှင့် ကုရွှမ်းတုတို့သည် ​ရော့မြစ်ဆီ အတူတူ လမ်းလျှောက်ထွက်ခဲ့ကြသည်။ ဤနေရာရှိမြေမျက်နှာသွင်ပြင်သည် ကျယ်ပြန့်ပြီးညီညာပြန့်ပြူးနေကာ မြစ်သည်လည်း အဆုံးမရှိပေ။ ၎င်းသည် ထုထည်ပမာဏ ကြီးမားလွန်းလှပြီး မြင်​တွေ့ရသည်မှာ အလွန် အံ့မခန်းမြင်ကွင်းတစ်ခုကဲ့သို့ပင် ဖြစ်​နေသည်။ သူ ​ရော့မြစ်တစ်​လျှောက် အနည်းငယ် ​လျှောက်သွားလိုက်လျှင် လင်းရု​ဖေး အရင်ကတစ်ခါမှ မမြင်ဖူး​သောပင်လယ်သို့ ​ရောက်​ရှိပေလိမ့်မည်။ သူ ပင်လယ်ကမ်းစပ်ရှုခင်းကို ​တွေ့ရရန်မျှော်လင့်ချက်များ စတင်​ပေါ်​ပေါက်လာပြီး သွားကြည့်ချင်သည့်စိတ်များ ပြင်းပြလာမိသည်။

ထိုအချိန်တွင် ညနေစောင်းဖြစ်၍ လှပသော နေဝင်ချိန်သည် အမြဲတမ်းနီရဲ​နေ​သောတိမ်တိုက်များဖြင့် အ​ရောင်ချယ်သထားပြီး ကောင်းကင်နှင့် ပင်လယ်တို့ ဆုံတွေ့သည့်နေရာသည် မြေပြင်နှင့် ကောင်းကင်ကြီး တစ်သားတည်း ဖြစ်နေသကဲ့သို့ မှုန်ဝါးလာ၏။ မြစ်ကမ်း၌တိုက်ခတ်​သောလေသည် အနည်းငယ်ပြင်းထန်လာပြီး လမ်းဘေးတွင် စိုက်ထား​သောမိုးမခပင်များလည်း အများကြီးရှိပေသည်။ ထို့အပြင် အေးမြသည့်​နေရာကို ရှာဖွေကာ မြစ်ကမ်းဘေးတွင် ဆော့ကစားနေကြသည့် ကလေးများစွာလည်း ရှိ​ပေသည်။

လင်းရု​ဖေးသည် ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ကာ မြစ်ကမ်းစပ်တစ်​လျှောက် လမ်းလျှောက်သွားလိုက်သည်။ သူ့ခြေချင်းဝတ်များပေါ်တွင် မြစ်ရေအေး​အေးကို ခံစားလိုက်ရပြီး သက်တောင့်သက်သာရှိသည့် အေးမြမှုကို ယူဆောင်လာ​ပေးသည်။

"အရမ်းကြီး အအေးမခံနဲ့ ဖျားသွားမှာကိုလည်း ဂရုစိုက်ဦး" ​

ဘေးနားရှိ ကုရွှမ်းတုက လင်းရု​ဖေးကို​ပြောလိုက်သည်။ ကုရွှမ်းတုက ထိုသို့ပြောလိုက်​သော်လည်း သူသည်လည်း လင်းရု​ဖေးကို မတားချင်​ပေ။

လင်းရု​ဖေးက ပြန်​ပြောလိုက်၏။

"အခု ကျွန်တော် အဲဒီ​လောက် အားမနည်း​တော့ဘူးလို့ ထင်တယ်"

ဆောင်းနှင်းဓါးထက်ချယ်ရီဝေWhere stories live. Discover now